၁၆ ရက်တာ လှုပ်ရှားမှုနှင့် ဖဲကြိုးဖြူလှုပ်ရှားမှုများ

2 min read | December 8, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

၁၉၉၁ ခုနှစ်မှာ Center for Women’s Global Leadership (CWGL) က စတင်ခဲ့တဲ့ ၁၆ ရက်တာ လှုပ်ရှားမှုဟာ နှစ်ပေါင်း ၃၀ ကျော်အထိ အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်(အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့) မှ ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) အထိ နိုင်ငံတကာမှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု” ပြုလုပ်လေ့ရှိပါတယ်။ အမျိုးသမီးတွေအပေါ်အကြမ်းဖက်ခြင်းဟာ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်ခြင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးပြီး ကျားမတန်းတူညီမျှရေးကို လူ့အခွင့်အရေးအနေနဲ့ တွန်းအားပေးဖို့ ရည်ရွယ်ပြီး လူထုကို အသိပညာပေးတာတွေနဲ့ လှုပ်ရှားမှုတွေ အမျိုးမျိုးပြုလုပ်ကြပါတယ်။
နောက်ထပ် အမျိုးသမီးအရေးလှုပ်ရှားမှုတစ်ခုကတော့ ဖဲကြိုးဖြူလှုပ်ရှားမှုဖြစ်ပြီးတော့ ၁၉၉၁ ခုနှစ်မှာပဲ ကနေဒါနိုင်ငံမှာ အမျိုးသားတစ်စုက ဦးဆောင်ပြီး စတင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ကနေဒါနိုင်ငံမှာ အမျိုးသမီး ၁၄ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုကို လူအများသတိပြုမိအောင် လှုံ့ဆော်ဖို့စတင်ခဲ့တာပါ။ ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ဖို့၊ ကျားမဖြစ်တည်မှုအပေါ် အခြေခံပြီး သတ်မှတ်ထားတဲ့ အတွေးအခေါ်မှား၊ စံနှုန်းအလွဲတွေကို တိုက်ဖျက်ဖို့အတွက် အမျိုးသားလူငယ်လူကြီးတွေအနေနဲ့ ပါဝင်လှုပ်ရှားကြစေဖို့ ရည်ရွယ်ပါတယ်။ ဖဲကြိုးဖြူလှုပ်ရှားမှုဟာ ကမ္ဘာအရပ်ရပ်ကိုပြန့်နှံ့သွားပြီး ၁၆ ရက်တာ လှုပ်ရှားမှုနဲ့အတူ ပူးပေါင်းလှုပ်ရှားကြကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို မိမိကိုယ်တိုင် မပြုလုပ်ဖို့နဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးဖို့ ကတိကဝတ်ပြုတဲ့အနေနဲ့ ဖဲကြိုးဖြူတွေ ဝတ်ဆင်ကြပါတယ်။
ဒါပေမယ့်လည်း ဒီနေ့အချိန်ထိ ကျား-မဖြစ်တည်မှု/ လိင်ဖြစ်တည်မှုတွေအပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ ဒါမှမဟုတ် ပြုလုပ်ကြတဲ့ အကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေသာမက လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQ+) တွေမှာလည်း ခံစားနေကြရသေးပါတယ်။ WHO ရဲ့ သုတေသနကိန်းဂဏန်းတွေအရ ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီး ၃ ယောက်အနက် ၁ ယောက်ဟာ သူမရဲ့သက်တမ်းတစ်လျှောက်လုံးမှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအမျိုးအစားတစ်ခုခုကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ ၁၆ ရက်တာ လှုပ်ရှားမှုဟာ ကမ်ပိန်းတစ်ခုအနေနဲ့ပဲမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်း မိမိရဲ့ ပတ်ဝန်းကျင်မှာ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ပပျောက်သွားစေဖို့ အမှန်တကယ် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းနေပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “No Excuse: UNiTE to End Violence Against Women and Girls”ဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုတွေကို ပပျောက်အောင် လက်တွေ့ဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ကြဖို့ ရည်ရွယ်တိုက်တွန်းတာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

နီပေါနိုင်ငံ၏ ဖက်ဒရယ်ကြိုးပမ်းအားထုတ်မှုနှင့် အခက်အခဲများ

ပိုမိုဖတ်ရှုရန်
2 mins read

မုန့်ဝိုင်းကို ဘယ်လိုခွဲကြသလဲ? အိန္ဒိယနဲ့ အင်ဒိုနီးရှားမှ ဥပမာများ..

ပိုမိုဖတ်ရှုရန်
2 mins read

စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဆိုတာ တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် – အိန္ဒိယနိုင်ငံ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ- သူနိုင်-ငါရှုံး ယဉ်ကျေးမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်