အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

2 min read | August 18, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

အတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding-Together Federalism) အကြောင်းဆက်ပြောရအောင်ပါ။ အတွင်းပေါင်းစည်းမှု ဖက်ဒရယ်ဆိုတာ နဂိုကတည်းက အာဏာကို ဗဟိုချုပ်ကိုင်ထားတဲ့ နိုင်ငံတော်ကနေပြီး ဒေသတွေဆီ အာဏာကို ခွဲဝေပေးတဲ့ ပုံစံပါ။ အစောဆုံးအနေနဲ့ အိန္ဒိယ ၊ နိုင်ဂျီးရီးယားနဲ့ ဖရန်ကို အလွန် စပိန်နိုင်ငံမှာတွေ့လာရပါတယ်။

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်မှာ ခက်ခက်ခဲခဲ လုပ်ရတဲ့ နောက်ထပ်တစ်ခုကတော့ ပြည်ထောင်စုစနစ်ရဲ့ ဒီဇိုင်းအတွက် စကားတွေ အများကြီးပြော၊ ညှိနှိုင်းရတာပါပဲ။ အာဏာကိုဘယ်လိုခွဲဝေမလဲ၊ နယ်နိမိတ်ကိုဘယ်လိုသတ်မှတ်မလဲ၊ အစိုးရပေါင်း ဘယ်နှစ်ခုလောက် ထားမလဲ။ အငြင်းပွားဖွယ်ရာ ပြဿနာရပ်တွေ အများကြီးနဲ့ ချိတ်ဆက်နေတာပါ။

ဒါကြောင့်လည်းတစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ ထွန်းကားနေတဲ့လူ့အဖွဲ့အစည်း၊ သူမှန်ငါမှား တွေးခေါ်ပုံစနစ်ကို ကိုင်စွဲထားတဲ့ လူ့အဖွဲ့အစည်းမှာ အတွင်းပေါင်းစည်းမှု ဖက်ဒရယ်ဖြစ်ပေါ်လာဖို့ရာ ညှိနှိုင်းဆောင်ရွက်ဖို့ အလွန်ပဲခက်ခဲတတ်ပါသတဲ့။ အဖြူအမည်း နှစ်ခုတည်းမဟုတ်ဘဲ၊ မီးခိုးရောင်ဇုံ (Grey zone ) ကိုလည်း အခြေခံပြီး စဉ်းစားတတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့လိုအပ်ပါတယ်။

အတွင်းပေါင်းစည်းမှုရဲ့ အခြေခံအကျဆုံး နှလုံးသားနှစ်ခုကတော့ အပေးအယူလုပ် ညှိယူခြင်း (Compromise)ပါပဲ။ တိုင်းပြည်အတွင်းက မတူညီတဲ့ အုပ်စုတွေဟာ အပြန်အလှန်ဖိအားပေးခြင်း၊ လျစ်လျူရှုခြင်းအားဖြင့် ခိုင်မာတဲ့ နိုင်ငံတစ်ခုကို မရနိုင်ဘဲ ပဋိပက္ခတွေ တာရှည်တဲ့ နိုင်ငံကိုသာ ရတတ်ပါတယ်။

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်ဆိုတာ ပဋိပက္ခတွေကို အဆုံးစွန်ထိ မသွားဘဲ အပေးအယူလုပ် ညှိနှိုင်းခြင်းအပေါ် အခြေခံပါတယ်။ မတူညီတဲ့ အုပ်စုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လိုစိတ်၊ အပေးအယူလုပ် ညှိနှိုင်းလိုစိတ်မရှိရင် အတွင်းပေါင်းစည်းမှု ဖက်ဒရယ် ဖြစ်ထွန်းလာဖို့ အလွန်ခက်ခဲပါတယ်။

အနည်းငယ် တီးခေါက်မိပြီး အခြေခံအားဖြင့် နားလည်ထားရမယ့် အချက်က အတွင်းပေါင်းစည်းမှု (Holding-Together Federalism) ဆိုတာ လူမျိုး၊ ယဉ်ကျေးမှု ကွဲပြားခြားနား (Diversity) တဲ့လူ့အဖွဲ့အစည်းအတွက် အင်မတန်လိုအပ်တဲ့ ၊ လက်တွေ့ကျတဲ့ ဖက်ဒရယ် ပြောင်းလဲမှုပုံစံတစ်ခုဆိုတာ မငြင်းနိုင်ပါဘူး။

ဒါပေမယ့် အမှန်အမှားနှစ်ခုတည်း ရှင်းလင်းမနေဘဲ ရှုပ်ထွေးတဲ့အဖြေတွေ ရှိနေပါတယ်။ ငါတို့ပဲ အမှန်လို့ အသေကိုင်စွဲထားတဲ့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များတယ်။ ဒါပေမယ့် အတွင်းပိုင်းကွဲအက်ပြီး ပြိုကွဲဖို့တာဆူနေတဲ့ လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ လျှောက်လှမ်းရမယ့် လမ်းကြောင်းဖြစ်ပါတယ်။

ယခင်အပတ်တွင် Civic M ကနေဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုးနဲ့ပတ်သက်ပြီး ဝေမျှပေးခဲ့ပြီးဖြစ်ပါတယ်။ Civic M ပရိတ်သတ်တွေအနေနဲ့လည်း ယခုအကြောင်းအရာဖြစ်တဲ့ အတွင်းပေါင်းစည်းမှုဖက်ဒရယ်နဲ့ ပတ်သက်ပြီးဆွေးနွေးဝေမျှချင်တဲ့ အကြောင်းအရာများရှိရင်လည်း ဝေမျှပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ နောက်ပိုစ့်တွေမှာလည်း ဖက်ဒရယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်