နိုင်ငံရေးအရ မတူကွဲပြားခြင်းအပေါ်နားလည်လက်ခံနိုင်ခြင်း

2 min read | July 13, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

၂၀၀၈ ခုနှစ်ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားကြောင်းသေချာသွားတဲ့အခါ ရီပတ်ပလီကင်သမ္မတလောင်း၊ ဆီနိတ်တာ ဂျွန်မက်ကိန်းက သူ့ကို ကာလရှည်ထောက်ခံလာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့သူတွေကို နှုတ်ဆက်မိန့်ခွန်းပြောရာမှာ “သမ္မတအိုဘားမားဟာ အခုကျွန်တော့်သမ္မတလည်းဖြစ်ပါတယ်” လို့ အသိအမှတ်ပြု ဂုဏ်ပြုပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမဲဆွယ်ကာလတစ်လျှောက်လုံးမှာ ပြိုင်ဘက်ပါတီကြီးနှစ်ခုကဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ရေကုန်မီးကုန်ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက်တွေလို့တောင် ဆိုနိုင်ပါတယ်။ နောင်ဆယ်နှစ်အကြာ ၂၀၁၈ မှာ မက်ကိန်းသေတော့ သူ့နာရေးမှာ အိုဘားမားက နာရေးအမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့ပါတယ်။ ဒီအခိုက်အတန့်တွေက “နိုင်ငံရေးအတိုက်အခံ၊ ပြိုင်ဖက်တွေဖြစ်ပေမယ့် ရန်သူတွေဖြစ်စရာမလိုဘူး” ဆိုတဲ့ အားကောင်းတဲ့သတင်းစကားကို တစ်ကမ္ဘာလုံးကို ပျံ့နှံ့စေခဲ့တယ်။ ဒီလိုဥပမာကောင်းတွေ ခေတ်ပြိုင်သမိုင်းမှာ အများကြီးပါပဲ။ ထင်ရှားတာတစ်ချို့က တောင်အာဖရိကက မင်ဒဲလားနဲ့ ဒီကလာပ်၊ ဂျာမနီက ကွန်ရတ်အဒါနော်အာနဲ့ ပြင်သစ်က ချားလ်ဒီဂေါ၊ ဖိလစ်ပိုင်က ကိုရာဇန်အကွီနိုနဲ့ ဖီဒယ်လ်ရာမို့စ်တို့ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဟာ အမြဲတမ်းလိုလိုပဲ အပူလုံးကြွ ရတက်မအေးဖြစ်ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ၂၀၂၁ နောက်ပိုင်းကစလို့ အမုန်းတရားတွေ၊ ‌နာကြည်းဒေါသတွေနဲ့ ရန်ငါစည်းပြတ်မှုတို့ဟာ ပိုလို့တောင် နက်ရှိုင်းလာပါသေးတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုဆိုတာ ဖြစ်ရိုးဖြစ်စဥ်ထက်ပိုတဲ့ ရှောင်လွှဲလို့မရတဲ့ နိုင်ငံ‌ရေးအရှိတရားလိုတောင်ဖြစ်လာပါတယ်။ ဘယ်လောက်ပဲ သဘောထားကွဲလွဲပါစေ နိုင်ငံရေးအရ မတူကွဲပြားခြင်းအပေါ်နားလည်လက်ခံနိုင်ခြင်းဆိုတာ နိုင်ငံ‌ရေးအတိုက်အခံကို ရန်သူလိုမမြင်ဘဲ လူသားတစ်ဦးလိုမြင်တာကို ဆိုလိုတာပါ။

ဒီလိုဆိုလို့ မတရားမှုကို ခေါင်းငုံ့ခံပြီး အသံတိတ်နေရမှာလားလို့ ဆိုတာမဟုတ်ပါ။ ကိုယ့်ယုံကြည်ချက်အတွက် ခိုင်ကြည်စွာရပ်တည်ပြီး ကိုယ်နဲ့ ယုံကြည်ချက်မတူသူ၊ ဆန့်ကျင်သူများကို လူမဟုတ်သဖွယ်ဆက်ဆံခြင်း၊ အမြစ်ဖြတ်နှိပ်ကွပ်ဖို့ကြိုးစားခြင်းတွေကိုသာ ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ကိုယ့်အယူအဆကို ကြိုက်နှစ်သက်လက်ခံသူတွေနဲ့ချည်းသာ အလုပ်လုပ်နေမယ်ဆိုရင် သင်ဟာငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်သူဖြစ်မလာနိုင်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှုအတွင်းထဲမှာတောင်မှ စည်းလုံးမှုဆို တာ တစ်သံတည်းထွက် တစ်သွေးတည်းဖြစ်ဆိုတဲ့ uniformity လုံးဝမဟုတ်ပါဘူး။ နိုင်ငံရေးအရ မတူကွဲပြားခြင်း အပေါ်နားလည်လက်ခံနိုင်ဖို့ဆိုရင် အတိုက်အခံပြိုင်ဘက်အပေါ်လေးစားမှုနဲ့ စရပါမယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်