လူမှုကွန်ရက်မီဒီယာ
ဉာဏ်စမ်းမေးခွန်း: 1/4
လူမှုကွန်ရက်မီဒီယာအသုံးပြုမှု တွင်ကျယ်လာတာတွေဟာ ဒီမိုကရေစီဖြစ်စဉ်အတွက် များစွာ အထောက်အပံ့ဖြစ်စေပါတယ်။ အောက်ပါ ပေးထားတဲ့အချက်လေးတွေထဲမှာ လူမှုကွန်ရက်မီဒီယာအသုံးပြုခြင်းကြောင့် ဒီမိုကရေစီဖြစ်စဉ်အတွက် အပြုသဘောဆောင်တဲ့သက်ရောက်မှုဖြစ်စေတဲ့ အချက်လေးက ဘယ်တစ်ခုဖြစ်မလဲ။
- သတင်းအတု၊သတင်းအမှားများပိုမိုပျံ့နှံ့လာခြင်း
- နိုင်ငံရေးမှာပြည်သူလူထုရဲ့ပါဝင်မှု၊လှုပ်ရှားမှုနဲ့ဆွေးနွေးမှုတွေကိုမြှင့်တင်နိုင်ခြင်း
- နိုင်ငံရေးအမြင်ကွဲပြားမှုများပိုမိုများပြားလာခြင်း
- သတင်းအချက်အလက်များရရှိနိုင်မှုလျော့နည်းခြင်း
နိုင်ငံရေး၊ လူမှုရေး (ဒါမှမဟုတ်) သဘာဝပတ်ဝန်းကျင်အရေးဆိုင်ရာ အကြောင်းအရာကိစ္စရပ်တွေကို လူမှုကွန်ရက်မီဒီယာတွေ အသုံးပြုပြီး အသိပညာပေးမျှဝေတာ (ဒါမှမဟုတ်) အပြောင်းအလဲတွေဖြစ်ဖို့ တောင်းဆိုလှုပ်ရှားကြတာကို ဘယ်လိုခေါ်လဲ သိပါသလား။
- Digital Marketing
- Digital Art
- Online Gaming
- Digital Activism(ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားမှု)
လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ သတင်းတု၊ သတင်းမှားတွေ ပျံ့နှံမှုကို လျော့ကျအောင် မိမိကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးက ဘာဖြစ်မလဲ။
- 1)သတင်းအရင်းအမြစ်တွေကိုမှန်ကန်ကြောင်းစစ်ဆေးပြီးမှပြန်လည်မျှဝေခြင်း
- 2)မည်သည့်သတင်းအရင်းအမြစ်ကိုမဆိုမစစ်ဆေးဘဲပြန်လည်မျှဝေခြင်း
- 3)သတင်းအရင်းအမြစ်များကိုယုံကြည်ခြင်း
- 4)နိုင်ငံရေးအကြောင်းအရာဆိုင်ရာသတင်းအရင်းအမြစ်များကိုရှောင်ရှားခြင်း
တိုးတက်ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လူမှုကွန်ရက်ဟာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာနေရာအဖြစ်သာမက သတင်းအချက်အလက်တွေကို မျှဝေရယူရာနေရာလည်း ဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ရက်မီဒီယာတွေကို သုံးစွဲမှုများပြားလာတာနဲ့အတူ မှိုလိုပေါက်လာတဲ့ သတင်းအချက်အလက်တွေဟာ မှန်ကန်မှုရှိမရှိဆိုတာကလည်း ဆန်းစစ်ပြီးမှ ယုံကြည်ဖို့ လိုအပ်လာပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ “သတင်းအတုတွေ” ပျံ့နှံ့လာတာဟာ အောက်ပါတို့အနက် ဘာတွေကို ဖြစ်စေပါသလဲ။
- 1)ဗဟုသုတတိုးလာခြင်း
- 2)နိုင်ငံရေးအသိပညာများတိုးပွားလာခြင်း
- 3)အမှန်တကယ်အသုံးဝင်သောသတင်းမှန်များရယူရန် ခက်ခဲသွားခြင်း
- 4)နိုင်ငံရေးအယူအဆကွဲလွဲမှုများလျော့ကျခြင်း