ဗဟုဝါဒ
ဉာဏ်စမ်းမေးခွန်း: 1/14
အောက်ပါတို့မှ ဘယ်အရာက ဘာသာရေးဆိုင်ရာဗဟုဝါဒဖြစ်ပါသလဲ။
- လွတ်လပ်စွာကိုးကွယ်ခွင့်ရှိခြင်း
- ဘာသာရေးအဖွဲ့အစည်းများ မိမိသဘောဆန္ဒဖြင့် အပြန်အလှန်ဆက်သွယ်မှုရှိခြင်း
- ဘာသာရေးအဖွဲ့အစည်းများကို မဖြစ်မနေ ပူးပေါင်းဆောင်ရွက်စေခြင်း
- ပဋိပက္ခမဖြစ်ဖို့ လူနည်းစုတွေဟာ အသံတိတ်နေကြရတယ်။
ဗဟုဝါဒဟာ မတူကွဲပြားမှုတွေကို လက်ခံနိုင်စွမ်း tolerance နဲ့ အားလုံးတန်းတူပါဝင်နိုင်မှု Inclusion ကို အားပေးမြှင့်တင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဘယ်ဝါကျက ဗဟုဝါဒကို ဖော်ညွှန်းနိုင်ပါသလဲ။
- ပဋိပက္ခမဖြစ်ဖို့ လူနည်းစုတွေဟာ အသံတိတ်နေကြရတယ်။
- အငြင်းအခုံတွေ၊ အခြေအတင်ပြောရတာတွေကို အားပေးတယ်၊ လူတိုင်းမှာ ပြောခွင့်ရှိရမယ်။
- လူကြိုက်များတဲ့ အယူအဆတွေကိုပဲ လက်ခံကျင့်သုံးခွင့်ရှိရမယ်။
- အစိုးရနဲ့ သဘောကွဲလွဲတဲ့သူတွေ အပြစ်ပေးခံရမယ်။
မတူကွဲပြားမှုတွေကိုလက်ခံနိုင်စွမ်းနဲ့ အားလုံးတန်းတူ ပါဝင်နိုင်မှုကို အားပေး မြှင့်တင်တဲ့ အကြောင်းအရာတစ်ခုကို ရွေးချယ်ပေးပါ။
- လူတိုင်းဟာ စဥ်းစားတွေးခေါ်ပုံ အတူတူပဲဖြစ်တယ်။
- ခေါင်းဆောင်ကောင်းတစ်ယောက်က အားလုံးအတွက်ဆုံးဖြတ်ချက်တွေကို တာဝန်ယူပြီးချပေးတယ်
- မတူညီတဲ့ အသံတွေ၊ ယုံကြည်ချက်တွေနဲ့ လူအသိုင်းအဝိုင်းအုပ်စုတွေအားလုံးကို လေးစားတန်ဖိုးထားတယ်။
- လူများစုကြီးမှာသာ အခွင့်အရေးရှိသင့်တယ်။
ဒီမိုကရေစီကို ပိုပြီး ကျန်းမာသန်စွမ်းလာအောင် ဘာကလုပ်ပေးနိုင်သလဲ ???
- ကိုယ့်ကို မဲပေးထားတဲ့ လူအများစုကြီးကို သူတို့ကြိုက်တာ တတ်နိုင်သလောက်အကုန်ဖြည့်ဆည်း
- လူနည်းစုအပါအဝင် အားလုံးရဲ့ အသံတွေကို ကြားနိုင်အောင်လုပ်ပေးပါ
- လူထုဆန္ဒစစ်တမ်းတွေကိုသုံးပြီး လူကြိုက်အများဆုံးအရာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးပါ
- တကယ့်ပြည်သူအစစ်” တွေရဲ့ အသံကို ကိုယ်စားပြုတဲ့ အင်အားကောင်းတဲ့ ခေါင်းဆောင်ရှိဖို့က အဓိကပါ
ဗဟုဝါဒနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီတန်ဖိုး တစ်ခုကိုရွေးပေးပါ။
- အမြင်တွေကိုကန့်သတ်ခြင်း
- မိမိအမြင်ကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရှိခြင်း
- တစ်ဖက်တည်းအမြင်ကိုသာစွဲကိုင်ထားခြင်း
- လူအများစုရဲ့အမြင်တစ်ခုတည်းကိုသာလက်ခံခြင်း
လူ့အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတစ်ခုမှာရှိတဲ့ မတူညီတဲ့လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ အယူအဆကို ဘယ်လိုခေါ်ပါသလဲ။
- ဗဟုဝါဒ
- ဒီမိုကရေစီ
- လူမှုတရားမျှတမှု
- ငြိမ်းချမ်းရေးလမ်းစဉ်
လူမှုလိင်ဆိုင်ရာတန်းတူညီမျှမှု အခွင့်အရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေရော တစ်ခုကိုရွေးချယ်ပါ။
- လူမှုပတ်ဝန်းကျင်၌အမျိုးသားနှင့် အမျိုးသမီးတို့သည် သီးခြားအခန်းကဏ္ဍဖြင့်ရှိသင့်သည်။
- မည်သည့်လူမှုလိင်ဆိုင်ရာဖြစ်တည်မှုဖြစ်စေအောင်မြင်ဖို့တူညီသောအခွင့်အလမ်းများရရှိသင့်သည်။
- အမျိုးသားများသာအရေးကြီးဆုံးဖြတ်ချက်ချရာတွင် ပါဝင်သင့်သည်။
- အမျိုးသမီးများသာကလေးပြုစုစောင့်ရှောက်သင့်သည်။
ဗဟုဝါဒနဲ့ကိုက်ညီတဲ့လူမှုလိင်ဆိုင်ရာတန်းတူညီမျှမှုအခွင့်အရေးတစ်ခုကိုရွေးချယ်ပါ။
- ရပ်ရွာအသိုင်းအဝိုင်းနှင့်အိမ်ထောင်စုဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင်အမျိုးသမီးများပါဝင်ခွင့်မရှိပါ။
- လူမျိုးစု(သို့)ဘာသာရေးဆိုင်ရာရိုးရာဓလေ့များဖြင့်လိင်မှုဆိုင်ရာခံယူချက်ကိုကန့်သတ်ခြင်း
- လိင်စိတ်ခံယူမှုကွဲပြားသူများ၏အခွင့်အရေးများကိုအသိအမှတ်ပြုရန်မှာပုဂ္ဂလိကနေရာတွင်သာဖြစ်နိုင်ပြီးဥပဒေရေးရာအခြေအနေများတွင်မဖြစ်နိုင်ပါ။
- လူမှုလိင်ဆိုင်ရာ မတူကွဲပြားမှုတွေအားလုံးကို အသိအမှတ်ပြုလက်ခံနိုင်ခြင်း
အောက်ပါ အမြင်တွေထဲက ဗဟုဝါဒကို ဖော်ထုတ်နိုင်တဲ့အဖြေမှန်ကို ရွေးပေးပါ။
- နိုင်ငံရေးပါတီတစ်ခုတည်း ကြီးစိုးပြီး လွှမ်းမိုးနေတဲ့ နိုင်ငံ
- မတူညီတဲ့ ဘာသာရေးနဲ့ လူမျိုးတွေဟာ သူတို့ရဲ့ ပွဲတော်တွေကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ကြတဲ့အခြေအနေ
- ကွဲပြားခြားနားတဲ့အမြင်တွေကြောင့် တစ်ဖက်နဲ့တစ်ဖက် မကောင်းဆိုးဝါးအဖြစ် ပုံဖော်နေကြတဲ့အခြေအနေ
- တရားဝင် ရုံးသုံးဘာသာစကားတစ်ခုတည်းရှိသောနိုင်ငံ
ဗဟုဝါဒအမြင် မဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေက
- တိုင်းပြည်ငြိမ်းချမ်းမှုနဲ့ စုစည်းညီညွတ်မှု
- ပဋိပက္ခ၊ စိတ်ချဉ်ပေါက်မှုနဲ့ ရန်လိုနေတဲ့လူ့အဖွဲ့အစည်း
- မတူညီတဲ့ဘာသာစကားအပေါ် တန်ဖိုးထားမှု
- စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ပြီးခဲ့တဲ့ ဖော်ပြချက်အရ နိုင်ငံသားပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာဖြစ်ပါသလဲ။
- နိုင်ငံရဲ့ သမိုင်းကို သင်ကြားပေးဖို့
- ဒီမိုကရေစီ အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေးပြီး တာဝန်ယူတတ်တဲ့ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့
- တိုင်းပြည်လိုအပ်ချက်အရ လက်နက်ကိုင်နည်းလမ်းတွေကို အသုံးပြုသောအခါ အရံသင့်ဖြစ်နေဖို့
- အကြမ်းမဖက်ဆန့်ကျင်ရေးအတွက် အဖွဲ့ဝင်ကောင်းတွေ မွေးထုတ်ပေးဖို့
တကယ်လို့ နိုင်ငံသားတွေမှာ တစ်ဦးရဲ့အမြင်၊ ရှုထောင့်တွေကို စာနာလည်စိတ်ကင်းလာကြမယ်ဆိုရင် အဓိကကျတဲ့ အကျိုးဆက်က
- ဥပဒေပြု ဖြစ်စဉ်ဟာ ပိုပြီး ထိရောက်လာမယ်။
- ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်တွေမှာ ပိုပြီးပြတ်ပြတ်သားသား ချမှတ်နိုင်မယ်။
- ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေး လမ်းကြောင်းတွေ ပေါ်လာမယ်။
- နိုင်ငံရေးဟာ စစ်ပွဲတစ်ခုလိုဖြစ်လာမယ်။
Civic M ပရိသတ်တွေရဲ့ မိတ်ဆွေတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ စာဖတ်သူနဲ့ လုံး၀သဘောမတူတဲ့ နိုင်ငံရေးအမြင်တစ်ရပ်ကို ရေးသားပြောဆိုနေပြီဆိုပါစို့။ ဒီမိုကရေစီအလေ့အကျင့်တွေထဲက တစ်ခုဖြစ်တဲ့ ယဉ်ကျေးရည်မွန်ခြင်း (Civility) အရ တုံ့ပြန်မယ်ဆိုရင် အဖြေမှန်ကဘာဖြစ်နိုင်ပါလဲ။
- မိတ်ဆွေနဲ့ ပဋိပက္ခဖြစ်မှာ စိုးတဲ့အတွက် လစ်လျူရှုလိုက်ပါမယ်။
- သူမှားယွင်းကြောင်းပြတဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးလင့်ခ်တွေကို ပြပြီး မှတ်ချက်ပေးပါမယ်။
- အမြင်ကွဲပြားနေမှုအပေါ် ဖုန်းနဲ့ဖြစ်ဖြစ်၊ ချက်ဘောက်စ်ထဲမှာဖြစ်ဖြစ် အလွတ်သဘောပြောပြနိုင်မလားလို့ သီးသန့်မေးမြန်းပါမယ်။
- သူ့ရဲ့ရပ်တည်ချက်ကို လှောင်ပြောင်တဲ့ မန့်တစ်ခုရေးပြီး ဟဟပေးပါမယ်။
ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ စာနာနားလည်စိတ်ဆိုတဲ့ အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ အဖြေများကို ရွေးချယ်ပေးပါ။
- တစ်ဖက်သားရဲ့ ခံစားချက်နှင့် ရှုထောင့်အမြင်ကို တစ်ဦးနားလည်ပေးခြင်း
- လူမျိုး၊ ဘာသာ၊ အမြင်ကွာခြားမှုရှိသူတွေကို ခွဲခြားမှုမရှိဘဲ ဆက်ဆံနိုင်ခြင်း
- ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ပေးခြင်း
- ဒီမိုကရေစီရဲ့ အလေ့အကျင့်တွေထဲကတစ်ခု