ဖက်ဒရယ်စနစ်နှင့်အာဏာခွဲဝေမှုအမျိုးအစားများ
ဉာဏ်စမ်းမေးခွန်း: 1/16
အောက်ပါနိုင်ငံများထဲမှ ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံတစ်နိုင်ငံကိုရွေးချယ်ပေးပါ။
- ပြင်သစ်နိုင်ငံ
- အမေရိကန်နိုင်ငံ(US)
- အင်္ဂလန်နိုင်ငံ (UK)
- ဂရိနိုင်ငံ
အောက်ပါ အဖြေများထဲမှ Holding-Together Federalism နှင့် မသက်ဆိုင်သော အဖြေကို ရွေးချယ်ပေးပါ။
- ယခင် ဗဟိုချုပ်ကိုင်တဲ့ အစိုးရမှ ပေါ်ထွက်လာသောအရာဖြစ်သည်။
- လူမျိုး၊ ယဉ်ကျေးမှု ၊ ဘာသာရေး မတူညီတဲ့ အုပ်စုတွေငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့။
- အာဏာခွဲဝေဖို့ရာ အပေးအယူလုပ်ညှိနှိုင်းခြင်း ဖြစ်စဉ်တွင်ပါဝင်ပတ်သက်နေခြင်း။
- နဂိုကတည်းက လွတ်လပ်တဲ့ ပြည်တွေ ပေါင်းစည်းဖို့ ကြိုးစားချက်ဖြစ်သည်။
ဖက်ဒရယ်ဝါဒဟာ အာဏာပိုင်ဝါဒကို တားဆီးပေးနိုင်ကြောင်း ထုတ်ပြခဲ့တဲ့ သမိုင်းသင်ခန်းစာက ဘာပါလဲ။
- ဖက်ဒရယ်ဝါဒဟာ အမြဲတမ်း ပြည်တွင်းစစ်ဆီကို ဦးတည်သွားနိုင်တယ်။
- နိုင်ငံငယ်များသာလျှင် ဖက်ဒရယ်စနစ်ကို လက်တွေ့ကျင့်သုံးနိုင်တယ်။
- အာဏာကို အကြွင်းမဲ့ ဗဟိုကနေ ချုပ်ကိုင်ထားခြင်းဟာ အာဏာရှင်စနစ်ဆီ မကြာခဏ ဦးတည်သွားတတ်လေ့ရှိတယ်။
- အာဏာရှင်စနစ်တွေ အားလုံးရဲ့ မူလအရင်းအမြစ်ဟာ ဖက်ဒရယ်စနစ်ဖြစ်တယ်။
လက်ရှိကမ္ဘာပေါ်က နိုင်ငံပေါင်းမည်မျှက ဖက်ဒရယ်စနစ်ကို တရားဝင်ကျင့်သုံးနေသလဲ။
- ၁၀ နိုင်ငံ
- ၂၅ နိုင်ငံ
- ၅၀ နိုင်ငံ
- ၅၅ နိုင်ငံ
ဖက်ဒရယ်ဝါဒ ဖော်ဆောင်မှုမှာ မှားယွင်းတဲ့ အယူအဆတစ်ခုကို ရွေးချယ်ပေးပါ။
- ဖက်ဒရယ်ဆိုတာ နိုင်ငံရေးအရ လိုအပ်မှု
- ဖက်ဒရယ်ဝါဒဆိုတာ အသေးစိတ် စီမံထားရတဲ့ ဗိသုကာပုံစံဖြစ်ပြီး ချက်ချင်းလက်ငင်း အကောင်ထည်ဖော်နိုင်ရမယ်
- ဖက်ဒရယ်ဝါဒဟာ ဆွေးနွေးညှိနှိုင်းမှု ၊ တဖြေးဖြေး ပုံသဏ္ဌာန်ပြောင်းလဲမှုတွေနဲ့အတူ အချိန်ယူပြောင်းလဲရတယ်
- အစိတ်စိတ်အမွှာမွှာ ကွဲသွားခြင်းထက် အတူတကွပေါင်းစည်းခြင်း နေထိုင်ခြင်းဟာ ပိုပြီး အကျိုးအမြတ်များတယ်ဆို တဲ့ အမျှော်အမြင်လိုအပ်တယ်
လူအများစုကို စံထားတဲ့ ယဉ်ကျေးမှုအတွင်း ကျောင်းသင်ရိုးတွေမှာ အဓိက တွေ့ရတတ်တာက
- ကမ္ဘာသမိုင်း နဲ့စာပေကိုသာလျှင် သင်ကြားတယ်။
- လူအများစုရဲ့ သူရဲကောင်းတွေနဲ့ သူတို့ရဲ့ သမိုင်းကြောင်းကို သာလျှင် သင်ကြားတယ်။
- လူအများစုနဲ့ လူနည်းစုအုပ်စုတွေရဲ့ သူရဲကောင်း ၊ သမိုင်းနဲ့ စာပေတွေကို သင်ကြားတယ်။
- လူနည်းစုတွေရဲ့ စာပေတွေကို အလေးပေးတယ်။
ဖက်ဒရယ်သစ်ပင် မရှင်သန်နိုင်တဲ့ မြေကြမ်းတွေထဲက တစ်ခုဖြစ်တဲ့ သူနိုင်-ငါရှုံး ယဉ်ကျေးမှုက ဖက်ဒရယ်ဝါဒရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ အပေးအယူလုပ် ညှိယူခြင်း ( compromise) ကို မြင်ပုံက-
- လိုအပ်သော မကောင်းဆိုးဝါး အဖြစ်မြင်တယ်
- ရေရှည်အကျိုးအမြတ်အတွက် မဟာဗျူဟာ
- ဆုံးရှုံးမှု
- ပူပေါင်းဆောင်ရွက်ခြင်း ပုံစံ
Holding-Together Federalism ဟာ ဘာကြောင့် Coming-Together Federalism ထက်ခက်ခဲပါသလဲ။ အကြောင်းကတော့-
- နိုင်ငံလုံးဆိုင်ရာ အစိုးရနဲ့ ဒေသဆိုင်ရာအစိုးရတွေကို တစ်ပြိုင်နက်တည်း တီထွင်ဖန်တီးရတာကြောင့်
- လွတ်လပ်တဲ့ပြည်နယ်တွေဟာ ပူပေါင်းဆောင်ရွက်လိုစိတ် မရှိတာကြောင့်
- မတူညီတဲ့အုပ်စုတွေမှာ အာဏာကို ဗဟိုကနေ ထိန်းချုပ်ထားတဲ့ အစိုးရနဲ့တန်းတူရည်တူ အာဏာရှိတာကြောင့်
- နိုင်ငံတွင်းပဋိပက္ခကနှစ်ပေါင်းကြာရှည်နေတာကြောင့်
လက်ရှိ ဘယ်ဖက်ဒရယ်နိုင်ငံက အချမ်းသာဆုံးလဲ (တစ်နိုင်ငံချင်းဂျီဒီပီအရ)
- အမေရိကန်
- ဆွစ်ဇာလန်
- ဂျာမနီ
- ဗြိတိန်နိုင်ငံ (UK)
ကမ္ဘာပေါ်က ဘယ်ဖက်ဒရယ်နိုင်ငံက သက်တမ်းအတိုဆုံးလဲ။
- ယူဂိုဆလားဗီးယား
- ဆိုဗီယက်ယူနီယမ်
- အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ
- အင်ဒိုနီးရှားနိုင်ငံ
နိုင်ငံဧရိယာအကျယ်ဆုံးဖက်ဒရယ်နိုင်ငံမှာ ……… နိုင်ငံဖြစ်ပါတယ်။
- ဘယ်လဂျီယမ်
- ဆွစ်ဇာလန်
- မိုက်ခရိုနီးရှား ဖြစ်ပါတယ်။
- ရုရှားနိုင်ငံ
အတွင်းပေါင်းစည်းမှု ဖက်ဒရယ် ( Holding-Together Federalism ) ဆိုတာ
- နဂိုကတည်း လွတ်လပ်တဲ့ ပြည်နယ်တွေက သူတို့ စိတ်ဆန္ဒအလျောက် ပေါင်းစည်းဖို့ ကြိုးစားကြတယ်။
- မတူကွဲပြားတဲ့ လူမျိုးနဲ့အုပ်စုတွေ လုံး၀လွတ်လပ်ဖို့ ကြိုးစားကြရာကနေ ထွက်ပေါ်လာတယ်။
- အာဏာကို ဗဟိုကချုပ်ကိုင်ထားတဲ့ နိုင်ငံတော်ဆီကနေ အာဏာခွဲဝေဖို့ ကြိုးစားတယ်။
- လက်နက်ကိုင်အုပ်စုတွေ အများအပြား ပေါ်ပေါက်လာဖို့ ဦးတည်တယ်။
ကမ္ဘာပေါ်က ဘယ်နိုင်ငံဟာ ဖက်ဒရယ်စနစ်ကို အကြားအလပ်အပြတ်မရှိဘဲ တဆက်တစပ်တည်းအောင် မြင်စွာကျင့်သုံးနိုင်ခဲ့သလဲ။
- အမေရိကန်ပြည်ထောင်စု
- အိန္ဒိယ
- ဘရာဇီးလ်
- ဗြိတိန်နိုင်ငံ (UK)
ဖက်ဒရယ်ဆိုတဲ့ စကားလုံးနဲ့အယူအဆကို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ ဘယ်ခေတ်ကစပြီး တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြသလဲ။
- ၁၆ ရာစုနှောင်းပိုင်း
- ၁၈ ရာစုနှောင်းပိုင်း
- ၂၀ ရာစုအစောပိုင်း
- ၂၁ ရာစုအစောပိုင်း
အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်း အပေါ်ကိုသာလျှင် အခြေခံတဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ အဓိကအားဖြင့်
- အပြန်အလှန်အကျိုးအမြတ်နဲ့ ဘုံအကျိုးစီးပွားကို သာလျှင် ရှာဖွေတယ်။
- ရှုပ်ထွေးတဲ့ ဆွေးနွေးညှိနှိုင်းခြင်းတွေကို လုပ်ကိုင်တယ်။
- ဗဟုယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို ချမှတ်ပေးတယ်။
- သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးခံယူချက်တွေ အသာစီးရဖို့သာလျှင် ကြိုးစားတယ်။
တစ်ပြည်ထောင်စနစ်ကနေ ဖက်ဒရယ်စနစ်ကို နောက်ဆုံးကူးပြောင်းလာတဲ့နိုင်ငံက ဘယ်နိုင်ငံလဲ။
- နီပေါ
- ဘယ်လ်ဂျီယမ်
- တောင်အာဖရိက
- ဂျာမနီ