ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းအတွင်းက ဒီမိုကရေစီ
ဉာဏ်စမ်းမေးခွန်း: 1/6
ဒီအပတ်ထဲမှာ Civic M ကနေ ကိုယ့်ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းအတွင်းမှာ ဒီမိုကရေစီစံနှုန်းတွေကျင့်သုံးတာနဲ့ ပတ်သက်ပြီး ဝေမျှနေတာဖြစ်ပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ အဲ့တာနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းလေး ဖြေကြည့်ရအောင်။
- အုပ်ချုပ်သူ၏ဆုံးဖြတ်ချက်များအပေါ်တွင်သာမှီခိုခြင်း။
- ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်း။
- ရွေးချယ်တင်မြှောက်ထားသောကိုယ်စားလှယ်များကိုသာရပ်ရွာအတွက်ဆုံးဖြတ်ခွင့်ပေးခြင်း။
- ရပ်ရွာအရေးကိစ္စများကိုလစ်လျူရှုကာကိုယ်ရေးကိုယ်တာများကိုသာအလေးပေးဆောင်ရွက်ခြင်း။
အတူတကွယှဉ်တွဲနေထိုင်မှုကို အလေ့အကျင့်လုပ် ပြုစုပျိုးထောင်မှုမရှိတဲ့ လူ့အဖွဲ့အစည်းဟာ ဘာတွေဖြစ်ပျက်လာဖို့များပါသလဲ။
- တိုင်းပြည်ဟာ အုပ်စုတစ်စုနဲ့တစ်စု အတူတကွ ယှဉ်တွဲနေထိုင်လိုစိတ်မရှိတဲ့အတွက် ပိုပြီးထင်ရှားကျော်ကြားလာမယ်။
- အုပ်စုတွေကြားထဲ ယုံကြည်မှုပြိုကွဲပြီး အန္တရာယ်ရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာလိမ့်မယ်။
- အထိမ်းအမှတ်နေ့တွေ ရုံးပိတ်ရက်တွေ ပိုများလာမယ်။
- နိုင်ငံခြား ပညာတော်သင်ဆုတွေ ပိုများလာမယ်။
အောက်ပါတို့အနက် မည်သည့်အရာက အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို အကောင်းဆုံးဖော်ပြလဲ ဆိုတာရွေးချယ်ပေးပါ။
- အသုံးပြုထားတဲ့ အများပိုင် ငွေကြေးဆိုင်ရာ အချက်အလက်များကို ဖုံးကွယ်ထားခြင်း။
- ပြည်သူများ၏ အကြံပြုသုံးသပ်ချက်များကို နားထောင်ပြီး တိုးတက်မှုအခြေအနေကို အစီရင်ခံခြင်း။
- ပြည်တွင်းပြသနာများအတွက် အခြားနိုင်ငံများကို အပြစ်ဖို့ခြင်း။
- မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ၌ ဖြစ်ပွားသော အမှားများကို လျစ်လျူရှူခြင်း။
ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ခုမှာ သည်းခံနိုင်ခြင်း ဟာဘာကြောင့်အရေးကြီးတယ်လို့ ထင်ပါသလဲ။ အောက်ဖော်ပြပါ အချက်တွေထဲကတစ်ခုကို ရွေးချယ်ပေးပါ။
- လူအုပ်စုတစ်စုကပဲဆုံးဖြတ်ချက်ချမှတ်ရာမှာထိန်းချုပ်နိုင်ခွင့်ရှိတယ်။
- ထိရှလွယ်တဲ့အကြောင်းအရာများကိုဆွေးနွေးခြင်းမှရှောင်ရှားတယ်။
- တန်းတူညီမျှမှုနဲ့အားလုံးငြိမ်းချမ်းစွာပါဝင်ခွင့်ကိုအားပေးတယ်။
- အားလုံးကိုထပ်တူညီတူဖြစ်စေအောင်အားပေးတယ်။
ဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့လက္ခဏာတွေဟာဘာတွေလဲ။အောက်ဖော်ပြပါအချက်တွေထဲကတစ်ခုကိုရွေးချယ်ပေးပါ။
- ပဋိပက္ခမဖြစ်ဖို့ လူနည်းစုတွေဟာ အသံတိတ်နေကြရတယ်။
- အငြင်းအခုံတွေ၊ အခြေအတင်ပြောရတာတွေကို အားပေးတယ်၊ လူတိုင်းမှာ ပြောခွင့်ရှိရမယ်။
- လူကြိုက်များတဲ့ အယူအဆတွေကိုပဲ လက်ခံကျင့်သုံးခွင့်ရှိရမယ်။
- အစိုးရနဲ့ သဘောကွဲလွဲတဲ့သူတွေ အပြစ်ပေးခံရမယ်။
တန်းတူညီမျှမှုနဲ့ သာတူညီမျှမှုတို့ရဲ့အဓိက ကွာခြားချက်က ဘယ်ဟာဖြစ်မလဲ။ အောက်ပါတို့အနက် တစ်ခုကို ရွေးချယ်ပေးပါ။
- တန်းတူညီမျှမှုကလိုအပ်တဲ့သူတွေကိုပေးပြီးတော့ သာတူညီမျှမှုကတော့ လူအားလုံးကိုအတူတူပဲပေးတယ်။
- တန်းတူညီမျှမှုနဲ့သာတူညီမျှမှုကအတူတူပါပဲ။
- တန်းတူညီမျှမှုကအားလုံးကိုအတူတူပဲပေးပြီးသာတူညီ မျှမှုကတော့လူတွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးပေးတယ်
- သာတူညီမျှမှုက လူမှု့ပတ်ဝန်းကျင်မှာ အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်းများမှာပဲ အသုံးပြုတယ်။