ဒီမိုကရေစီအလေ့အကျင့်များ
ဉာဏ်စမ်းမေးခွန်း: 1/5
အောက်ပါ အချက်များထဲမှာ Mob-mentality နှင့်မသက်ဆိုင်သော အဖြေကို ရွေးချယ်ပေးပါ။
- တစ်ခုခု မတုံ့ပြန်ခင်မှာ မှန်သလား မှားသလား ၊ အသေအချာ စမ်းစစ်ဝေဖန်ခြင်း။
- အုပ်စုလိုက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ဦးတည်ပြီး တိုက်ခိုက်ခြင်း။
- လူအုပ်ကြီးက ဒီလူ အပြစ်ရှိကြောင်း ပြောဆိုသောအခါ အလွယ်တကူ ယုံကြည်ခြင်း။
- အချက်အလက်တွေကို အသေအချာ မစစ်ဆေးပဲ ၊ ထိတ်လန့်စရာ သတင်းတွေကို ချက်ချင်း မျှဝေခြင်း။
အောက်ပါ အဖြေများထဲမှာ နိုင်ငံသားတစ်ယောက်ရဲ့ အကောင်းဆုံး ဖွင့်ထားသော စိတ် ကို ရွေးချယ်ပေးပါ။
- ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ပါတီ ၊ ကိုယ့်အုပ်စုကို အထောက်အပံ့ဖြစ်မယ့် ပို့စ်များကိုသာ မျှဝေခြင်း။
- အမြင်မတူတဲ့ လူနည်းစုတွေကို အမြင်တူတဲ့ လူအုပ်စုကြီးရဲ့ အမြင်တွေကို အလျင်အမြန်ခံယူဖို့ ဖိအားပေးခြင်း။
- မတူညီတဲ့ အမြင်များကို ရှာဖွေ လေ့လာစူးစမ်းခြင်း၊ တွေးခေါ် စဉ်းစားခြင်း၊ ယဉ်ကျေးရည်မွန်စွာ ဆွေးနွေးခြင်း။
- အငြင်းအခုံကို ရှောင်ရှားချင်တဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်ပြဿနာများကို မဆွေးနွေးပဲနေခြင်း။
နိုင်ငံရေးတည်ငြိမ်မှုက ဒီမိုကရေစီကို ရှင်သန်ကြီးထွားဖို့ ဘယ်လိုကူညီပါသလဲ။ အဖြေတစ်ခုကို ရွေးပေးပါ။
- ဒီမိုကရေစီကို ချက်ချင်းရဖို့၊ ချက်ချင်းရှင်သန်ကြီးထွားဖို့
- စီးပွားရေး ပိုမိုကောင်းမွန်လာဖို့
- နိုင်ငံသားတွေ အားလုံးပါဝင်လာနိုင်တဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးဖို့
- နိုင်ငံရေးခေါင်းဆောင်များ ရေတိုလူကြိုက်များမှုအပေါ် ပိုအာရုံစိုက်ဖို့
မျှတသော ဝေဖန်ရေးရဲ့ အဓိက အကြောင်းအရာကို ရွေးချယ်ပေးပါ။
- ပုဂ္ဂိုလ်ရေး ခံစားချက် အပေါ်ကို အခြေခံတယ်။
- အတွေးအခေါ် ၊ ပေါ်လစီ ၊ စနစ် အပေါ်ကို ဦးတည် ပြောဆိုတယ်။
- ပြင်းထန်တဲ့ ထိုးနှက်ချက်များဖြင့် စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်။
- ပြည်သူလူထုကြား မကျေနပ်ချက် ၊ အမုန်းတရားများ ပေါ်ထွက်လာဖို့ ရည်ရွယ်တယ်။
လွတ်လပ်စွာထုတ်ဖော်ခြင်းနဲ့မဆိုင်တဲ့ အဖြေများကိုရွေးပေးပါ။
- လွတ်လပ်စွာ ထုတ်ဖော်ခြင်းဆိုတာ တစ်သီးပုဂ္ဂလ အခွင့်အရေးထက်ပိုပြီး အများပြည်သူဆက်ဆံရေးနှင့် သက်ဆိုင်တယ်။
- ကိုယ်က တရားမျှတတယ်ထင်ရင် တခြားသူတွေအပေါ် ဆက်ဆံချင်သလို ဆက်ဆံ ပြောဆိုနိုင်တယ်။
- လူ့အဖွဲ့အစည်းအတွင်း အတွေးအခေါ် ဖလှယ်မှု တစ်ခုဖြစ်တယ်။
- အတွေးအခေါ် ၊ ပေါ်လစီ ၊ စနစ် အပေါ်ကို ဦးတည် ပြောဆိုတယ်။