ဒီမိုကရေစီစနစ်
ဉာဏ်စမ်းမေးခွန်း: 1/17
ဒီမိုကရေစီစနစ်စတင်ခဲ့တဲ့ နေရာမှာ –
- စပါတာ
- အေသင်
- ရောမ
- အမေရိကန်
နိုင်ငံတော်က အပ်နှင်းထားတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး အုပ်ချုပ်တဲ့ အစုအဖွဲ့ကို ဘယ်လိုခေါ်ပါသလဲ။
- နိုင်ငံရေးပါတီ
- တရားရုံး
- အစိုးရ
- သံရုံး
ဒီမိုကရေစီစနစ်အရ အစိုးရကို ရွေးချယ်သူမှာ-
- ပြည်သူ
- စစ်တပ်
- ဘုရင်
- စီးပွားရေးလုပ်ငန်းရှင်
ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာ –
- လုပ်ငန်းရှင်များသာ မဲပေးနိုင်
- လူတိုင်းအညီအမျှ မဲပေးခွင့်ရှိ
- အာဏာရှိသူများသာ မဲပေးခွင့်ရှိ
- ပညာတတ်သူများ မဲပေးနိုင်
အောက်ပါပေးထားတဲ့ နိုင်ငံတွေထဲက ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံကို ရွေးပါ။
- တရုတ်
- တောင်ကိုးရီးယား
- မြောက်ကိုးရီးယား
- လာအို
ဒီမိုကရေစီစနစ်မှာ အခြေခံအကျဆုံး အခွင့်အရေးတစ်ခုကတော့ –
- လက်နက်ကိုင်ဆောင်ခွင့်
- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
- ဝင်ငွေအညီအမျှရရှိခွင့်
- ပြစ်မှုကျူးလွန်ခွင့်
ဒီမိုကရေစီစနစ်ရဲ့ လက္ခဏာရပ်တစ်ခုမှာ –
- ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်း
- မျိုးရိုးစဉ်ဆက် အာဏာဆက်ခံခြင်း
- အတိုက်အခံမရှိခြင်း
- လူများစု၏အခွင့်အရေးများကိုသာကာကွယ်ခြင်း
အောက်ပါပေးထားတဲ့အချက်လေးတွေထဲက ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကို ရည်ညွှန်းတဲ့ အချက်တစ်ခုကို ရွေးချယ်ပေးပါဦး။
- အစိုးရရဲ့ဆုံးဖြတ်ချက်တွေအတိုင်းလိုက်နာခြင်း
- နိုင်ငံရေးဗဟုဝါဒနဲ့စုံလင်ကွဲပြားတဲ့အမြင်များကိုလက်ခံခြင်း
- မတူညီတဲ့(သို့)ဆန့်ကျင်ဘက်အမြင်များကိုဖိနှိပ်ခြင်း
- နိုင်ငံရေးအယူအဆကွဲလွဲမှုများကိုလက်မခံခြင်း
“လူတစ်ဦးချင်းစီ၊ အစုအဖွဲ့တစ်ခုစီမှာ ကိစ္စအရပ်ရပ်အပေါ် မတူညီတဲ့ရှုထောင့်တွေနဲ့ အမြင်တွေရှိကြပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးကြတဲ့အခါ ဒီလိုမတူကွဲပြားတဲ့သဘောထားအမြင်တွေကို လက်ခံဖို့နဲ့ ရှင်သန်အားကောင်းစေဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါဆိုရင် မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို လက်ခံခြင်းဟာ ဒီမိုကရေစီအတွက် ဘာကြောင့် အရေးပါတာလဲဆိုတာကိုရော သိပါသလား။”
- အစိုးရအာဏာပိုမိုအားကောင်းဖို့
- လူနည်းစုရဲ့အသံတွေကိုလစ်လျူရှုဖို့
- ဆန့်ကျင်ဘက်အမြင်တွေကိုဖိနှိပ်ဖို့
- လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုမြှင့်တင်ဖို့
ဒီမိုကရေစီကို နိုင်ငံရေးစနစ်တစ်ခုအဖြစ် (ဒါမှမဟုတ်) လူ့အဖွဲ့အစည်း လူမှုအသိုက်အဝန်းမှာ ကျင့်သုံးတဲ့အခါ ဆုံးဖြတ်ချက်တွေချမှတ်တဲ့လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုတွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ ပါဝင်နိုင်သလဲဆိုတာ သိပါသလား။
- မဲပေးခြင်းနဲ့ကန့်ကွက်ဆန္ဒပြခြင်း
- အစိုးရရဲ့ဆုံးဖြတ်ချက်တွေအတိုင်းလိုက်နာခြင်း
- အစိုးရခေါင်းဆောင်တွေကပဲဆုံးဖြတ်ချက်ချမှတ်ခြင်း
- ပါဝင်နိုင်ဖို့အခွင့်အရေးမရှိခြင်း
အောက်ပါပေးထားတဲ့အချက်တွေထဲက ဒီမိုကရေစီစနစ်ရှင်သန်အားကောင်းဖို့အတွက် လိုအပ်တဲ့အရာက ဘယ်အချက်လေး ဖြစ်မယ်ထင်ပါသလဲ။
- သတင်းအချက်အလက်များပွင့်လင်းမြင်သာမှုမရှိခြင်း
- မတူညီတဲ့(သို့)ဆန့်ကျင်ဖက်အမြင်တွေကိုဖိနှိပ်ခြင်း
- နိုင်ငံသားတွေကနိုင်ငံရေးရာကိစ္စရပ်တွေအပေါ်စိတ်ဝင်စားမှုမရှိခြင်း
- နိုင်ငံသားတွေရဲ့တက်ကြွစွာပါဝင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှု
“ဒီမိုကရေစီစနစ်ရှင်သန်အားကောင်းဖို့ဆိုရင် နိုင်ငံသားတွေကိုယ်တိုင်က ဒီမိုကရေစီတန်ဖိုးတွေကို နားလည်လက်ခံပြီး ဒီမိုကရေစီအလေ့အထတွေကို မိမိရဲ့ လူမှုပတ်ဝန်းကျင်အသိုက်အဝန်းအတွင်းမှာ လက်တွေ့ ကျင့်သုံးဖို့လိုအပ်ပါတယ်။ အောက်ပါပေးထားတဲ့အချက်လေးတွေထဲက ဒီမိုကရေစီအလေ့အထ မဟုတ်တဲ့ အချက်လေးက ဘာဖြစ်မလဲ။”
- လူ့အဖွဲ့အစည်းအတွင်းမတူညီတဲ့အကျိုးစီးပွားတွေအပေါ်နားလည်လက်ခံနိုင်ခြင်း
- ဘုံအကျိုးစီးပွားအတွက်ဆွေးနွေးညှိနှိုင်းခြင်းနဲ့အပေးအယူလုပ်ခြင်း
- ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ လူတိုင်းတန်းတူပါဝင်ခွင့်မရှိခြင်း
- နိုင်ငံသားတွေရဲ့တက်ကြွစွာပါဝင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှု
“ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်မှာ အာဏာခွဲဝေပြီး အပြန်အလှန်ထိန်းကျောင်းမှု (Checks and Balances) ရှိတာ ဘာကြောင့်လဲ။ “
- သမ္မတရဲ့အာဏာကိုအကာအကွယ်ပေးရန်
- အာဏာအလွဲသုံးစားပြုလုပ်တာမျိုးမဖြစ်စေရန်
- အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုတည်းကပဲအာဏာကိုချုပ်ကိုင်ထားရန်
- အတိုက်အခံကိုဖယ်ရှားရန်
အောက်ပါပေးထားတဲ့ အချက်လေးတွေထဲက ဒီမိုကရေစီရဲ့ အဓိကစည်းမျဉ်းတွေထဲ “မပါဝင်”တဲ့ အချက်ကို ရွေးချယ်ပေးပါဦး။
- တရားဥပဒေစိုးမိုးခြင်း
- လူ့အခွင့်အရေးတွေကိုအကာအကွယ်ပေးခြင်း
- အုပ်ချုပ်သူအစိုးရမှာအကြွင်းမဲ့အာဏာတည်ရှိခြင်း
- အစိုးရအာဏာအကန့်အသတ်ရှိခြင်း
ဒီမိုကရေစီစနစ်အကြောင်း ပြောကြတဲ့အခါမှာ ထင်ရှားတဲ့ quote တစ်ခုဖြစ်တဲ့ “Democracy is the government of the people, by the people, for the people” – အဓိပ္ပာယ်လေးကတော့ “ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေအတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဖြစ်တယ်” ဆိုတာကို ဘယ်သူပြောခဲ့သလဲဆိုတာ သိပါသလား။
- မဟတ္တမဂန္ဒီ
- ဂျွန်အက်ဖ်ကနေဒီ
- ဂျော့ဂျ်ဝါရှင်တန်
- အေဗရာဟမ်လင်ကွန်း
ဒီမိုကရေစီစနစ်ရဲ့ လက္ခဏာရပ်တွေထဲက တစ်ခုက ဘာဖြစ်မလဲ။ အောက်ပါပေးထားအချက်လေးတွေထဲမှာ အဖြေမှန်လေးကို ရွေးချယ်ပေးပါဦး။
- မျိုးရိုးစဉ်ဆက်အာဏာဆက်ခံခြင်း
- တရားဥပဒေအောက်တွင်လူတိုင်းတန်းတူညီမျှအခွင့်အရေးရရှိခြင်း 3)အတိုက်အခံမရှိခြင်း
- အတိုက်အခံမရှိခြင်း
- လူအများစုရဲ့အခွင့်အရေးကိုသာကာကွယ်ခြင်း
အောက်ပါပေးထားတဲ့နိုင်ငံတွေထဲမှာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံက ဘယ်နိုင်ငံဖြစ်မယ်လို့ထင်ပါသလဲ။
- တရုတ်
- မြောက်ကိုရီးယား
- တောင်ကိုရီးယား
- လာအို