လူမှုတရားမျှတမှု

လူ့အဖွဲ့အစည်းတွေမှာ တရားဥပဒေ၊ တရားစီရင်ရေးအဖွဲ့အစည်း စတာတွေ ဖွဲ့စည်းထားရှိပြိး မတရားမှုတစ်ခုဖြစ်လာတဲ့အခါ နစ်နာသူအတွက် တရားမျှတမှုပြန်လည်ရယူလေ့ရှိကြပါတယ်။ လူမှုတရားမျှတမှုဆိုတာကတော့ ဒီလို သမားရိုးကျ တရားမျှတမှုပုံစံကနေ ကွဲထွက်ပြီး အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက်နဲ့ လူမှုစီးပွားအခြေအနေ မတူညီမှုတွေကြောင့် အခွင့်အရေးဆုံးရှုံးမှုတွေ မဖြစ်ပေါ်ရအောင် စီစဉ်လုပ်ဆောင်တဲ့ တရားမျှတမှုပုံစံဖြစ်ပါတယ်။ လူမှုတရားမျှတမှုအကြောင်းကို ဒီဗီဒီယိုလေးနဲ့ မျှဝေလိုက်ရပါတယ်။
2 min read | May 26, 2025
မျှဝေရန် :

မုန့်ဝိုင်းကို ဘယ်လိုခွဲဝေကြမလဲ?? How to share a pie: Distributional Justice??

  လူ့အဖွဲ့အစည်းတစ်ခုဟာ အကန့်အသတ်နဲ့ရှိတဲ့ သူ့ရဲ့အရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေနဲ့ ဓနကို လူ့အဖွဲ့အစည်းဝင်တွေကြားမှာ ဘယ်လိုဘယ်ပုံခွဲဝေကြ တယ်ဆိုတဲ့ အခြေခံ အယူအဆတစ်ချို့ကို မိတ်ဆက်ဆွေးနွေးလိုပါတယ်။ ဒါကို လူမှုတရားမျှတမှု Social Justice/Distributional Justice လို့လည်း ခေါ်ဝေါ်လို့ရပါတယ်။ အောက်မှာတော့ မုန့်ဝိုင်းဥပမာကိုသုံးပြီး အလွယ်မြင်သာအောင်ရှင်းပြပါမယ်။တန်းတူညီမျှစွာခွဲဝေမှုအခြေခံကတော့ နွားထီးတစ်ကျပ်နွားမတစ်ကျပ်ဆိုသလို လူတိုင်းကို တတ်နိုင်သမျှအညီအမျှရအောင် ခွဲဝေတဲ့နည်းဖြစ်ပါတယ်။ လူတစ်ဦးချင်းစီဟာ အခွင့်အလမ်းညီတူမျှတူရှိသင့်တယ်ဆိုတဲ့ မူကနေလာတာပါ။ ကလေးတွေမုန့်ကို...
ပိုမိုဖတ်ရှုရန်
2 min read | October 8, 2024
မျှဝေရန် :

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

၂၁ ရာစုမှာ သိသိသာသာ ကြုံတွေ့လာရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ကမ္ဘာကြီးဟာ တစ်နှစ်ထက်တစ်နှစ် အပူလှိုင်းများ၊ မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မိုးခေါင်ရေရှားမှုပြဿနာများ နဲ့ တောမီးလောင်မှုများ စတဲ့ သဘာဝဘေးအန္တရာယ်‌တွေကို မကြာခဏဆိုသလို ပြင်းထန်စွာ ရင်ဆိုင်နေရပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြုံလာတဲ့အခါ လူအများကို ထိခိုက်စေတယ်ဆိုပေမယ့်လည်း လူတိုင်း တူညီစွာ ထိခိုက်တာမျိုးတော့မဟုတ်ပါဘူး။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ တချို့ လူမှုအသိုက်အဝန်းတွေမှာ ဒီလို...
ပိုမိုဖတ်ရှုရန်
2 min read | July 14, 2024
မျှဝေရန် :

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

လူမှုတရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့ လူမှုစီးပွားရပိုင်ခွင့်တွေကြောင့် ဖိနှိပ်ခံရတာတွေ ခွဲခြားဆက်ဆံခံရတာတွေကို ထုတ်ဖော်ကာကွယ်ပေးပြီး လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို မဆုံးရှုံးရအောင် ကာကွယ်လုပ်ဆောင်ပေးတဲ့ တရားမျှတမှုပုံစံဖြစ်ပါတယ်။ ဒီတရားမျှတမှုပုံစံဟာ သမားရိုးကျ ကျင့်သုံးတဲ့ မတရားမှုဖြစ်ပေါ်လာမှသာ အရေးယူဆောင်ရွက်ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲက လူမှုစီးပွားရေးမတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတရားမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ပိုမိုဖတ်ရှုရန်