ဗဟုဝါဒ
လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုမှာ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ အစရှိတဲ့ မတူညီတဲ့ လူအုပ်စုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့အတွက်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးများကို တရားမျှတစွာ ရရှိနိုင်တဲ့အနေအထားကို ဖန်တီးတည်ဆောက်ဖို့လိုအပ်ပါတယ်။
ဒီ animation video လေးမှာ ဗဟုဝါဒဆိုတဲ့ အတွေးအခေါ်ပေါ်ပေါက်လာပုံနဲ့ ဗဟုဝါဒရဲ့ အခြေခံအကြောင်းအရာတွေကို မျှဝေပေးထားပါတယ်။
လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)
Civic M ကနေ ဗဟုဝါဒနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ဆက်တိုက်တင်ပြနေရာကနေ ဒီနေ့လေးမှာတော့ လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး မျှဝေချင်ပါတယ်။ လူသားဂုဏ်သိက္ခာဆိုတာ ဘယ်လိုလူမျိုးမှာပဲဖြစ်စေ လူတစ်ယောက်ဖြစ်နေပြီဆိုတာနဲ့ ပိုင်ဆိုင်တဲ့ဂုဏ်သိက္ခာ ကိုခေါ်ပါတယ်။ လူတစ်ယောက်ဟာ ဆင်းရဲသည်ဖြစ်စေ၊ မျိုးရိုးအဆင့်အတန်းနိမ့်ကျသည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ၊ မုဒိန်းမှုကျူးလွန်သည်ဖြစ်စေ၊ လူသတ်သမားဖြစ်စေ၊ လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့အပေါ်ကို လူလိုသဘောထား ဆက်ဆံရမယ်ဆိုတဲ့အမြင်လည်း ဖြစ်ပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတာ...
ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း
Civic M ကနေ ပြီးခဲ့တဲ့အပတ်ကတည်းက ဒီမိုကရေစီအတွက်အရေးပါတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ဗဟုဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ တင်ဆက်ပေးနေတာဖြစ်ပါတယ်။ တကယ်လို့ ကွဲပြားခြားနားမှုကို လက်ခံပေးတဲ့ ဗဟုဝါဒအမြင်မရှိဘဲ ငါ့အမြင်သာလျှင်အမှန်ဆိုတဲ့ခံယူပုံ ဖြစ်ထွန်းနေတယ်ဆို အဲဒီလို လူ့အဖွဲ့အစည်းဟာ ပဋိပက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒီမိုကရေစီတန်ဖိုးတွေ၊ အလေ့အကျင့်တွေ ဆုံးရှုံးရပါလိမ့်မယ်။ ကွဲပြားခြားနားမှုကို လက်မခံတဲ့ လူ့အဖွဲ့အစည်းဟာ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကို တခြားသူ...
ဒီမိုကရေစီ၏ မရှိမဖြစ်တန်ဖိုး (ဗဟုဝါဒ)
Civic M ကနေ ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများတွေ အကြောင်းတင်ဆက်နေရာကနေ ဒီတစ်ပတ်ထဲမှာတော့ ဒီမိုကရေစီအတွက်အရေးပါတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ဗဟုဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တစ်လှည့်ပြန်လည်တင်ဆက်ပေးလိုပါတယ်။ ဒီမိုကရေစီဆိုတာ နိုင်ငံသားတွေရဲ့ အသံအပေါ်မှီခိုနေရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံသားဆိုတဲ့နေရာမှာ လူမျိုး၊ လိင်၊ လူတန်းစား၊ နိုင်ငံရေးခံယူမှုအရ အမျိုးမျိုးကွဲပြားခြားနားတဲ့ အစုအဖွဲ့တွေကို ဆိုလိုပါတယ်။ ဗဟုဝါဒက အဲဒီလိုမတူညီတဲ့အုပ်စုတွေရဲ့...
အများကြိုက်ဝါဒ
အများကြိုက်ဝါဒဆိုတာကတော့ နိုင်ငံရေးပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦးကို လူကြိုက်များစေဖို့ဆိုတဲ့ ကျဥ်းမြောင်းတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ နိုင်ငံရေးမူဝါဒတွေ၊ သတင်းစကားတွေ၊ ကြွေးကြော်သံတွေကို စနစ်တကျရွေးချယ် အသုံးပြုခြင်းကိုဆိုပါတယ်။ ဒီလိုသုံးလို့ ကိုယ့်လူ၊ ကိုယ့်ပါတီရေပန်းစားလာပေမယ့် ရေရှည်မှာ ကြုံလာနိုင်တဲ့ မတည်မငြိမ်ဖြစ်မှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ လူနည်းစုအတွက် ဆုံးရှုံးနစ်နာနိုင်ခြေတွေကို ထည့်သွင်းစဥ်းစားခြင်း အလျဥ်းမရှိပါဘူး။ လူအဖွဲ့အစည်းထဲက “တကယ့်လူထုအစစ်အမှန်” ဆိုတာကြီးနဲ့ အဲဒီလူထုအစစ်အမှန်ရဲ့ ရန်သူအုပ်စုဆိုတာကို ခွဲခြားဖန်တီးပြီး ရန်တိုက်ပေးတဲ့...
ဗဟုဝါဒဆိုတာဘာလဲ?
ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော မတူကွဲပြားမှုများကို နားလည်လက်ခံနိုင်ခြင်း (Tolerance) နဲ့ အားလုံးတန်းတူပါဝင်နိုင်အောင် ဆောင်ရွက်ပေးခြင်း (Inclusion) တန်ဖိုးများကို ဖော်ဆောင်ပေးသော ဗဟုဝါဒရဲ့ အခြေခံကတော့ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ်တစ်ခုဖြစ်ဖို့ မတူညီတဲ့ အယူအဆတွေ၊ ဖြစ်တည်မှုတွေနဲ့ အကျိုးစီးပွားတွေအားလုံးကို လက်ခံထွေးပွေ့ထားနိုင်ဖို့ လိုတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်အုပ်စု၊ ဘယ်နိုင်ငံရေးအတွေးအခေါ်နဲ့ ဘယ်ခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ အမှန်တရားနဲ့ ကိုယ်စားပြုမှုကို လက်ဝါးကြီးအုပ်မထားနိုင်ဘူးလို့ ယုံကြည်ခြင်းဖြစ်ပါတယ်။ ဗဟုလူ့အဖွဲ့အစည်းထဲမှာ...