ဖက်ဒရယ်စနစ်နှင့်အာဏာခွဲဝေမှုအမျိုးအစားများ
ဖက်ဒရယ်စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) နဲ့ ပြည်နယ်/ဒေသအစိုးရ ဆိုပြီး အနည်းဆုံးအစိုးရ ၂ ရပ်ရှိရမှာဖြစ်ပါတယ်။ ဒီတော့ ၂ခုနဲ့အထက်ရှိတဲ့ အစိုးရတွေအကြားမှာ အာဏာကိုဘယ်လိုခွဲဝေမလဲဆိုတာ ကြိုတင်ပိုင်းခြားသတ်မှတ်ဖို့ လိုအပ်လာပါတယ်။
ယခုဗီဒီယိုလေးမှာတော့ ဖက်ဒရယ်စနစ်မှာ တွေ့ရလေ့ရှိတဲ့ အာဏာခွဲဝေမှုပုံစံတွေနဲ့ အာဏာအမျိုးအစားတွေရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ
အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာအတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding-Together Federalism) အကြောင်းပြောရအောင်ပါ။ အတွင်းပေါင်းစည်းမှု ဖက်ဒရယ်ဆိုတာ နဂိုကတည်းက အာဏာကို ဗဟိုချုပ်ကိုင်ထားတဲ့ နိုင်ငံတော်ကနေပြီး ဒေသတွေဆီ အာဏာကို ခွဲဝေပေးတဲ့ ပုံစံပါ။ အစောဆုံးအနေနဲ့ အိန္ဒိယ ၊ နိုင်ဂျီးရီးယားနဲ့ ဖရန်ကို အလွန် စပိန်နိုင်ငံမှာတွေ့လာရပါတယ်။အတွင်းပေါင်းစည်းမှု ဖက်ဒရယ်မှာ ခက်ခက်ခဲခဲ လုပ်ရတဲ့ နောက်ထပ်တစ်ခုကတော့ ပြည်ထောင်စုစနစ်ရဲ့ ဒီဇိုင်းအတွက်...
ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး
ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုးဖက်ဒရယ်ဝါဒဆိုတာ လူမျိုးစုအများအပြား ကွဲပြားနေတဲ့ တိုင်းပြည်အတွက်အသင့်လျော်ဆုံးသော နိုင်ငံဖွဲ့စည်းပုံ ဖြစ်တယ်ဆိုတာ ယနေ့ခေတ်မှာ ပိုပိုပြီးနားလည်လာကြပါပြီ။ ဒီတော့ ဖက်ဒရယ်ပြည်ထောင်စုတွေ ဘယ်လိုပေါ်ထွန်းလာသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ယေဘုယျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာပုံနှစ်မျိုးရှိပါတယ်။ တစ်ခုက အတွင်းပေါင်းစည်းမှုဖက်ဒရယ် (Holding Together Federalism)ဖြစ်ပြီး နောက်တစ်ခုကတော့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming Together Federalism) လို့ခေါ်ပါတယ်။အပြင်ပေါင်းစည်းမှုဖက်ဒရယ်ကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ဆွစ်ဇလန်ကြောင့် အများစု နားလည်ထားပြီးသားဖြစ်ပါတယ်။ အပြင်ပေါင်းစည်းမှုဖက်ဒရယ်...
ဖက်ဒရယ်ဝါဒ အခြေခံ
ဖက်ဒရယ်ဝါဒ အခြေခံကျယ်ပြန့်လှတဲ့ နယ်နိမိတ် ၊ ယဉ်ကျေးမှုနဲ့ လူမျိုးပေါင်းစုံရှိတဲ့ နိုင်ငံတစ်ခုကို စိတ်ကူးကြည့်ပါ။ ပညာရေး ၊ ကျန်းမာရေး၊ အခြေခံ အင်စတီကျူးရှင်းတွေနဲ့ ပတ်သတ်ပြီး တစ်ခုတည်းသော ဗဟိုအစိုးရက မိုင်ပေါင်းမြောက်များစွာ ဝေးကွာတဲ့ဒေသတွေအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်ဆိုပါစို့။ဒီလိုပဲ တိုင်းပြည်တစ်ခုတည်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအသီးသီးရှိပြီး သူတို့ဘာသာ သူတို့ စီမံခန့်ခွဲနေကြ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေချ ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်ကိုင်နေကြတယ်ဆိုပါစို့။ဖက်ဒရယ်ဝါဒဆိုတာ...