ဖက်ဒရယ်စနစ်နှင့်အာဏာခွဲဝေမှုအမျိုးအစားများ
ဖက်ဒရယ်စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) နဲ့ ပြည်နယ်/ဒေသအစိုးရ ဆိုပြီး အနည်းဆုံးအစိုးရ ၂ ရပ်ရှိရမှာဖြစ်ပါတယ်။ ဒီတော့ ၂ခုနဲ့အထက်ရှိတဲ့ အစိုးရတွေအကြားမှာ အာဏာကိုဘယ်လိုခွဲဝေမလဲဆိုတာ ကြိုတင်ပိုင်းခြားသတ်မှတ်ဖို့ လိုအပ်လာပါတယ်။
ယခုဗီဒီယိုလေးမှာတော့ ဖက်ဒရယ်စနစ်မှာ တွေ့ရလေ့ရှိတဲ့ အာဏာခွဲဝေမှုပုံစံတွေနဲ့ အာဏာအမျိုးအစားတွေရဲ့အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
နီပေါနိုင်ငံ၏ ဖက်ဒရယ်ကြိုးပမ်းအားထုတ်မှုနှင့် အခက်အခဲများ
လတ်တလောအခြေအနေ အဓိကရုဏ်းတွေကိုစတင်ဖြစ်ပေါ်စေတာကတော့ နီပေါနိုင်ငံရဲ့ ဝန်ကြီးပိုင်းဆိုင်ရာမှာ အကျင့်ပျက်ခြစားမှုတွေကိုရပ်တန့်ပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်လာစေဖို့ Gen Z တွေက စတင်ဆန္ဒပြခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြပွဲတွေ ကျယ်ပြန့်လာတဲ့အခါမှာတော့ လူမှုမီဒီယာပလက်ဖောင်း ၂၆ ခုကို သုံးစွဲခွင့်ပိတ်ပင်လိုက်ပါတယ်။ အစမှာတော့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပေမယ့် အစိုးရက နှိမ်နှင်းတဲ့ပုံစံနဲ့ ရဲ-စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးစွဲမှုကြောင့် လူတွေဒါဇင်နဲ့ချီပြီးသေဆုံးကြရတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေပါလာပြီး လွှတ်တော်ကို မီးတင်ရှို့တာနဲ့...
မုန့်ဝိုင်းကို ဘယ်လိုခွဲကြသလဲ? အိန္ဒိယနဲ့ အင်ဒိုနီးရှားမှ ဥပမာများ..
ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံတစ်ချို့မှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ စီးပွားရေးကဏ္ဍက ရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုပုံစံအချိုးအစားတွေနဲ့ ခွဲဝေကြသလဲဆိုတာကို လက်တွေ့ဥပမာတွေအနေနဲ့ မိတ်ဆက်တင်ပြသွားပါမယ်။ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အရင်းအမြစ်ခွဲဝေပုံတွေဘယ်လိုကွဲပြားပြီး ဘာကြောင့် ဒီလိုကွဲပြားကြတာလည်းဆိုတာကိုလည်း အကြမ်းဖျင်းရှုမြင်နိုင်ပါလိမ့်မယ်။ အိန္ဒိယ- စုပေါင်းလုပ်ဆောင်ကြတဲ့ စီးပွားရေးဖက်ဒရယ်ပုံစံ အိန္ဒိယဟာ ပြည်နယ်ပေါင်း ၂၈ ပြည်နယ်နဲ့ ပြည်ထောင်စုဒေသကြီး ၈ ခုပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။...
စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ?
ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေဟာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ စီးပွားရေးကဏ္ဍကရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုပုံစံ အချိုးအစားတွေနဲ့ ခွဲဝေကြသလဲ၊ ဘာတွေကိုထည့်သွင်းစဥ်းစားသင့်သလဲ၊ ပြဿနာတက်လေ့ရှိတဲ့နေရာတွေက ဘာတွေလဲစသည်ဖြင့် မိတ်ဆက်ဆွေးနွေးသွားပါမယ်။ တိုင်းပြည်ရဲ့တစ်နေရာရာမှာ ရေနံသယံဇာတတွေတူးဖော်ရရှိတာမျိုး၊ ရေအားလျှပ်စစ်စီမံကိန်းကြီးတည်ဆောက်လိုက်တာမျိုး၊ ဒါမှမဟုတ် အခွန်အကောက်တွေအများကြီးရလိုက်တာမျိုးတွေမှာ အမြဲကြုံရလေ့ရှိတဲ့ မေးခွန်းကြီးကတော့ အကျိုးအမြတ်တွေကို ဘယ်သူကဘယ်လောက်ရမှာလဲ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ အကျိုးအမြတ်ကို သက်ဆိုင်ရာဒေသမြို့နယ်ကရမှာလား၊ ပြည်နယ်/တိုင်းကိုတင်ပေးရမှာလား၊ ဗဟိုအဆင့်က ချုပ်ကိုင်ပြီးစီမံမှာလားဆိုတာ အဓိကဆွေးနွေးရ၊ အငြင်းလည်းပွားရတဲ့...
ဖက်ဒရယ်ဆိုတာ တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် – အိန္ဒိယနိုင်ငံ
ဖက်ဒရယ်လစ်ဇင် (Federalism) ဆိုတာ အားလုံးလက်ခံနိုင်မယ့် မျိုးစေ့သေးသေးလေးတစ်ခုကို အရင်ဆုံးစိုက်ပျိုးတာဖြစ်ပါတယ်။ အဲ့ဒီမျိုးစေ့လေးကို ငါတို့ အစိတ်စိတ်အမွှာမွှာ ကွဲပြားသွားတာထက် အတူတကွ ရှင်သန်နေထိုင်ခြင်းဟာ ပိုပြီးကောင်းမွန်တယ်ဆိုတဲ့ အမျှော်အမြင်နဲ့ ရေလောင်းပေါင်းသင်ပေးရပါတယ်။ တဖြည်းဖြည်း အချိန်ယူပြုပြင်ရပါတယ်။ အိန္ဒိယဖက်ဒရယ်လစ်ဇင်ဟာ ဒီသဘောကနေစပါတယ်။ အလွယ်ဆိုရရင် အိန္ဒိယမှာ ဗြိတိသျှကတိုက်ရိုက်အုပ်ချုပ်တဲ့ ဗြိတိသျှအိန္ဒိယနဲ့ ဗြိတိသျှသစ္စာခံ မဟာရာဂျာတွေ အုပ်ချုပ်တဲ့ တစ်ဆင့်ခံ အိန္ဒိယပြည်နယ်တွေရှိကြပါတယ်။ ဗြိတိသျှလွတ်လပ်ရေးပေးပြီးတဲ့နောက်မှာ မင်းသားတွေ...
ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)
ဖက်ဒရယ်ဝါဒဟာ လက်တွေ့ကျကျ အပေးအယူလုပ်ခြင်း၊ ညှိယူခြင်းအပေါ် အဓိကအခြေခံရပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်သာ အဓိကဆိုတဲ့ “အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်း”ကို အသေဆုပ်ကိုင်မထားရပါဘူး။ နိုင်ငံရေးခေါင်းဆောင်သူတွေဟာ နှစ်ဦးနှစ်ဖက်မျှတတဲ့ အကျိုးအမြတ်အတွက် အလုပ်ဖြစ်မယ့်အရာကို ရွေးချယ်ကြရပါတယ်။ ဖက်ဒရယ်ဝါဒဟာ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက် အောင်ပွဲခံရုံသက်သက် အလုပ်လုပ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုမျိုးမဟုတ်ပါဘူး။ အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်းဆိုတာ တရားသေဆန်တယ်။ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက်ကသာလျှင် မေးခွန်းထုတ်စရာမလို၊ ပြည့်စုံတဲ့အရာအဖြစ် မှတ်ယူကြတာဖြစ်ပါတယ်။...
ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်
အများစုအဓိကအမြင် (Majoritarianism) ဆိုတာ လူအများစုဟာ လူအားလုံးအတွက် ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိတယ်ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ အရေအတွက်များတဲ့ လူမှုအုပ်စုရဲ့ စံတန်ဖိုးတွေ၊ သဘောထားအမြင်တွေ၊ ယုံကြည်ချက်တွေ အားလုံးကို စံ အဖြစ် သတ်မှတ်စဉ်းစားတာမျိုးကို လူအများစုအပေါ် စံထားခြင်းလို့ခေါ်ပါတယ်။ အရေအတွက်များတဲ့ လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေ၊ စဉ်းစားပုံတွေကသာလျှင် မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ ယူဆတာမျိုးတွေ၊ နိုင်ငံရေးအာဏာကိုလည်း အရေအတွက်များတဲ့ လူမှုအုပ်စုတွေရဲ့ လက်ထဲမှာသာလျှင် အခြေတည်တာမျိုးတွေဟာ...
ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ- သူနိုင်-ငါရှုံး ယဉ်ကျေးမှု
သူနိုင်-ငါရှုံး ယဉ်ကျေးမှု (Zero-sum culture)ဆိုတာ တစ်ဖက်က အကျိုးအမြတ်ရှိနေခြင်းကို ကိုယ့်ဘက်က ဆုံးရှုံးမှုလို့ မြင်တဲ့ အမြင်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ သူနိုင်-ငါရှုံးယဉ်ကျေးမှု စိမ့်ဝင်ပျံ့နှံ့နေတယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဖက်ဒရယ်သစ်ပင်ရှင်သန်ဖို့ခက်ခဲတဲ့ ဖုန်းဆိုးမြေတစ်ခု ဖြစ်ပါတယ်။ ဖက်ဒရယ်ဝါဒဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အပြန်အလှန်ဟန်ချက်ညီညီထိန်းကွပ်ပြီး ပူးပေါင်း ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဝါဒရဲ့ အသက်သွေးကြောဟာ အပေးအယူလုပ်ခြင်း (Compromise)၊ ညှိနှိုင်း ဆွေးနွေးခြင်း...
ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?
ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတစ်ခုဟာ ဘယ်အတိုင်းအတာအထိ အာဏာနဲ့ အရင်းအမြစ်တွေကို ခွဲဝေပေးသလဲ ဆိုတဲ့ ဖက်ဒရယ်စနစ်ရဲ့ အနုအရင့်၊ အတိမ်အနက်ကို တိုင်းတာနိုင်မယ့်နည်းလမ်းတွေကို အကျဥ်း ဆွေးနွေးသွားပါမယ်။ နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်စံနှုန်းများ (Political Parameters) အချုပ်အခြာအာဏာ – အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဘယ်သူကနောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သလဲ၊ ဗဟိုအစိုးရကလား၊ ပြည်နယ်တွေကလား၊ စုပေါင်းဆုံးဖြတ်ကြသလား။ ဖွဲ့စည်းပုံအရအာမခံချက် – ဖက်ဒရယ်ယူနစ်တွေရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ...
ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ
ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ Civic M က ဖက်ဒရယ်စနစ်အမျိုးမျိုးနဲ့ လက်တွေ့ကျင့်သုံးမှုပုံစံတွေ၊ ဆက်စပ်တဲ့နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ဖက်ဒရယ်အခြေခံနှစ်မျိုးဖြစ်တဲ့ အတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding Together Federal) နဲ့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming Together Federal) စတဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို တင်ဆက်လျက်ရှိရာမှာ ဒီတစ်ခါမှာတော့ ဖက်ဒရယ်စနစ်နဲ့ ဆင်တူသယောင်ရှိသော်လည်း ပုံစံမျိုးစုံနဲ့ ကွာခြားတဲ့၊ ဖက်ဒရယ်နဲ့ နှိုင်းယှဥ်စဥ်းစားနိုင်တဲ့ အခြားသော...
ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ
ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများCivic M က ဖက်ဒရယ်ဝါဒခေါင်းစဥ်အောက်မှာ ဖက်ဒရယ်စနစ်အမျိုးမျိုးနဲ့ လက်တွေ့ကျင့်သုံးမှုပုံစံတွေ၊ ဆက်စပ်တဲ့နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ဖက်ဒရယ်အခြေခံနှစ်မျိုးဖြစ်တဲ့ အတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding together federal) နဲ့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming together federal) စတဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖက်ဒရယ်ဗဟုသုတအဖြစ် ကမ္ဘာပေါ်မှာ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံသုံးခုနဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေအကြောင်းကို...