ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းအတွင်းက ဒီမိုကရေစီ
ဒီမိုကရေစီအလေ့အထဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်တာ ဒါမှမဟုတ် ပြဿနာတွေကို စုပေါင်းဖြေရှင်းရာမှာ လိုက်နာကျင့်သုံးရမယ့် မူတွေပဲဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား မတူညီတဲ့ အကျိုးစီးပွားတွေအပေါ် နားလည်လက်ခံနိုင်ခြင်း၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ဘုံအကျိုးစီးပွားအတွက် ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အပေးအယူလုပ်ခြင်း၊ အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းစတဲ့ အချက်တွေဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအလေ့အထတွေပဲဖြစ်ပါတယ်။
ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာတောင် ပြည်သူတွေက မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ဒီမိုကရေစီအလေ့အထတွေကို ကျင့်သုံးနိုင်ပြီး ကျင့်သုံးဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအကြောင်း ဒီဗီဒီယိုလေးမှာ ပြောပြထားပါတယ်။
ဇီဝလိင်နဲ့ လူမှုလိင် (Sex and Gender)
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မတူကွဲပြားမှုတွေကြားထဲ ဒီမိုကရေစီစံနှုန်းတွေကို ပိုမိုလက်ခံကျင့်သုံးလာစေဖို့၊ လူတွေအကြားမှာ အပြန်အလှန် ပြောဆိုဆွေးနွေး၊ အတူတကွ သင်ယူလေ့လာပြီး လူမှုတန်ဖိုးတွေနဲ့ ဒီမိုကရေစီတန်ဖိုးတွေ အားကောင်းလာစေဖို့ ရည်ရွယ်တာနဲ့အညီ ဒီမိုကရေစီနဲ့ အမြဲယှဥ်တွဲတည်ရှိအပ်တဲ့ ဗဟုဝါဒ (Pluralism) တန်ဖိုးတွေနဲ့ ကျား/မလူမှုလိင်ဆိုင်ရာ တရားမျှတမှု (Gender Justice/Gender Equality) တို့အကြားက အခြေခံအဆက်အစပ်ဖြစ်တဲ့ ဒီဆောင်းပါးမှာတော့ လူမှုလိင် (Gender) ရဲ့သဘောကို...
သူမနှင့် သူ၊ သူနှင့် သူမ
စိတ်ဝင်စားစရာ ပုံတစ်ချို့ ပြထားပေးပါတယ်။ အပေါ်က ပုံကြီးနှစ်ပုံကသူတွေကို သိကြတယ်မဟုတ်လား။ သူတို့နှစ်ဦးစလုံးဟာ သူ့ခေတ်သူ့အခါနဲ့ ကမ္ဘာပေါ်မှာ သြဇာအာဏာအကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦး၊ မဟာပုရိသနှစ်ဦးဖြစ်ပါတယ်။ အပေါ်ဘယ်ဘက်က ပြင်သစ်ဘုရင် လူဝီ- ၁၄၊ “ငါသည်ပင် နိုင်ငံတော်ဖြစ်တော့သည်- I am the State” လို့ပြောခဲ့တဲ့ အလွန်သြဇာကြီးခဲ့တဲ့ သူပါ။ အဲဒီပုံကို သူကိုယ်တိုင်အဲဒီခေတ်က ပြင်သစ်မှာ နာမည်အကျော်ကြားဆုံး...