ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းအတွင်းက ဒီမိုကရေစီ
ဒီမိုကရေစီအလေ့အထဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်တာ ဒါမှမဟုတ် ပြဿနာတွေကို စုပေါင်းဖြေရှင်းရာမှာ လိုက်နာကျင့်သုံးရမယ့် မူတွေပဲဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား မတူညီတဲ့ အကျိုးစီးပွားတွေအပေါ် နားလည်လက်ခံနိုင်ခြင်း၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ဘုံအကျိုးစီးပွားအတွက် ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အပေးအယူလုပ်ခြင်း၊ အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းစတဲ့ အချက်တွေဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအလေ့အထတွေပဲဖြစ်ပါတယ်။
ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာတောင် ပြည်သူတွေက မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်ထဲမှာ ဒီမိုကရေစီအလေ့အထတွေကို ကျင့်သုံးနိုင်ပြီး ကျင့်သုံးဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေအကြောင်း ဒီဗီဒီယိုလေးမှာ ပြောပြထားပါတယ်။
တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ
တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများနိုင်ငံတစ်ခုမှာ အမျိုးသားပညာရေးပေါ်လစီအသစ်အရ စာသင်ကျောင်းတွေရဲ့သင်ရိုးညွှန်းတန်းတွေကအစ လမ်းအမည်နဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေအထိ နိုင်ငံသုံးဘာသာစကားနဲ့ သက်ဆိုင်ရာလူနည်းစု ဘာသာစကားနှစ်မျိုးလုံးကို ယှဥ်တွဲသုံးရမယ်လို့ ပြဌာန်းလိုက်တယ်။ ဒီပေါ်လစီမပြဋ္ဌာန်းခင်ကတည်းက အကြီးအကျယ်ငြင်းခုံခဲ့ကြရပြီး ပြဌာန်းပြီးတဲ့အခါ အငြင်းအခုံက ပိုလို့ပြင်းထန်လာတယ်။ တစ်ချို့က ဒါဟာ ဖြစ်သင့်တာကြာပြီ နောက်တောင်ကျနေပြီလို့ဆိုကြတယ်။ တစ်ချို့ကကျတော့ ဒါဟာ အချင်းချင်းကွဲပြားစေပြီး နိုင်ငံချစ်စိတ်ကိုပါထိခိုက်စေမယ်လို့ ဆိုကြပြန်တယ်။ဒါဟာ တန်းတူညီမျှမှုရဲ့ ဝိရောဓိပါပဲ။ တန်းတူညီမျှမှုကို စကားလုံးအဖြစ်ထားရာကနေ...
တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?
ဒီအပတ်မှာတော့ Civic M ကနေ တန်းတူညီမျှ (Equality) နဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ? ကျောင်းသားနှစ်ယောက်ဟာ အပြိုင်အဆိုင်လျှောက်ရတဲ့ ပညာသင်ဆုတစ်ခုကို ပြိုင်တူလျှောက်ထားကြတယ် ဆိုပါစို့။ တစ်ယောက်က စစ်မက်ပဋိပက္ခတွေထူပြောတဲ့နေရာက ကျောင်းသား၊ ကျောင်းကိုရောက်ဖို့ နှစ်နာရီလောက် လမ်းလျှောက်ရပြီး ကျောင်းကလည်း ယာယီတဲသာသာ ရန်ပုံငွေ၊ အရင်းအမြစ်၊ သင်ထောက်ကူ၊ ဆရာဆရာမ ဘာဆိုဘာမှ...
ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)
အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ ထွန်းကားလာတဲ့ခေတ်ကြီးမှာ ကမ္ဘာအနှံ့က အတွေးအခေါ်ပေါင်းစုံ ၊ ယဉ်ကျေးမှုပေါင်းစုံဟာ မုန်တိုင်း တိုက်သလို နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်ရိုက်ခတ်လာပါတယ်။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး ကမ္ဘာကြီးတစ်ခုလုံးဟာ အတွေးအခေါ်၊ ဘာသာရေး၊ လူမျိုး၊ ယဉ်ကျေးမှုအရ တိုးတိုးပြီး ကွဲပြားနေတဲ့ အခြေအနေ ဆိုက်လာပါတယ်။ လူ့အဖွဲ့အစည်းတွေ ဖြစ်ထွန်းတိုးတက်မှုကို လေ့လာကြည့်ရင် တစ်အုပ်စုနဲ့တစ်အုပ်စု အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ အတူတကွ...
တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ
ကမ္ဘာတစ်လွှားက နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေမှာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းရင်း ထင်ကျန်ရစ်ခဲ့တဲ့ သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုကုစားကြပါသလဲ။ အကောင်းဆုံးဆေးကတော့ အတိတ်ကအမှားတွေကို အရှိကိုအရှိအတိုင်း လက်ခံအသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီကတစ်ဆင့် အမှားကိုသင်ခန်းစာယူပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ရှေ့ကိုဆက်ကြပါတယ်။ အမှားအပေါ်မှာ ဒဏ်ခတ်၊ ကလဲ့စားချေဖို့က အဓိကမဟုတ်ပါ။ ခေတ်ပြိုင်ဥပမာကောင်းတစ်ခုကတောာ့ တောင်အာဖရိကနိုင်ငံက အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation...
လူထုအသံနားထောင်တဲ့အစိုးရမျိုး
၁၉၇၀ ပြည့်လွန်နှစ်တွေက တစ်ကမ္ဘာလုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အရှုပ်တော်ပုံကြီးအပြီးမှာ အဲဒီတုန်းက အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဒီဧရာမအရှုပ်တော်ပုံကြီးကို တစ်စတစ်စနဲ့ စတင်ဖော်ထုတ်ခဲ့ကြသူတွေကတော့ လက်တစ်ဆုပ်စာသာရှိတဲ့ စုံစမ်းဖော်ထုတ်သူ ဂျာနယ်လစ်တစ်စုပဲဖြစ်ပါတယ်။ သူတို့က အစိုးရအဖွဲ့အစည်းတွေကျူးလွန်ခဲ့တဲ့ သူလျှိုလုပ်မှုတွေနဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ စီမံချက်တွေကို ဖော်ထုတ်ခဲ့ကြတယ်။ သူတို့ရဲ့သတင်းဖော်ထုတ်မှုတွေကြောင့် အမေရိကန်အစိုးရတွေဟာ ဘယ်လောက်တောင် လျှို့ဝှက်ကြံစည်ခဲ့ကြတယ်၊ ဝေဖန်သူတွေ အသံတိတ်အောင် ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ လူတွေသိလာရတယ်။ ဒါပေမယ့်...
နေရောင်ခြည်သည် ရောဂါပိုးမွှားများကို သေစေနိုင်၏
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိမ်နီးချင်းအာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားမှာ 1MDB ရန်ပုံငွေ အရှုပ်တော်ပုံကြီး အုတ်အော်သောင်းနင်းဖြစ်ခဲ့တာ အချို့လည်း မှတ်မိကြမယ်ထင်ပါတယ်။ အရင်ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ရဲ့လက်ထက်မှာ နိုင်ငံတော်ရန်ပုံငွေကနေပြီးတော့ ဘီလျံနဲ့ချီပြီး ခိုးယူခံခဲ့ရတဲ့ ကိစ္စကြီး ဖြစ်ခဲ့ပါတယ်။ ဒီအလွဲသုံးစားမှုကြီးကို နှစ်ပေါင်းများစွာ ဖုံးဖိထားရာကနေစပြီး အမှန်တရားကို စွန့်စားဖော်ထုတ်သူအတွင်းသတင်းပေး (whistleblower) တွေနဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းသမားတွေကြောင့် ဒီကိစ္စကြီးဟာ ဘူးပေါ်သလိုပေါ်လာခဲ့ပါတယ်။ လူထုဖိအားပေးမှုကြောင့်...
ကိုးကွယ်ယုံကြည်မှုမတူညီခြင်းအပေါ်နားလည်လက်ခံနိုင်ခြင်း
၂၀၁၄ ခုနှစ်က ပါကစ္စတန်နိုင်ငံက မာလာလာယူဆာဖ်ဇိုင်းဆိုတဲ့ မိန်းမငယ်ကလေးတစ်ဦးဟာ ကမ္ဘာ့အသက် အငယ်ဆုံး နိုဗယ်လ်ငြိမ်းချမ်းရေးဆုရတဲ့သူဖြစ်လာပါတယ်။ သူမရဲ့ခွန်အားကောင်းလှတဲ့ သတင်းစကားဟာ သူမကိုးကွယ်ယုံကြည်တဲ့ မွတ်စလင်အသိုင်းအဝိုင်းရဲ့ပြင်ပအထိ ပျံ့နှံ့သွားခဲ့တယ်။ သူမနဲ့အတူ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပူးတွဲရရှိတဲ့ အိန္ဒိယနိုင်ငံက ဟိန္ဒူသာသာဝင် ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုင်လပ်ရှ် ဆတ်ယာသီနဲ့ အတူယှဥ်တွဲပြီး အခုလိုပြောခဲ့တယ်။ “ကလေးသူငယ်အခွင့်အရေး နဲ့ ပညာရေးကိစ္စတွေနဲ့ပတ်သက်လာရင်...
နိုင်ငံရေးအရ မတူကွဲပြားခြင်းအပေါ်နားလည်လက်ခံနိုင်ခြင်း
၂၀၀၈ ခုနှစ်ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားကြောင်းသေချာသွားတဲ့အခါ ရီပတ်ပလီကင်သမ္မတလောင်း၊ ဆီနိတ်တာ ဂျွန်မက်ကိန်းက သူ့ကို ကာလရှည်ထောက်ခံလာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့သူတွေကို နှုတ်ဆက်မိန့်ခွန်းပြောရာမှာ “သမ္မတအိုဘားမားဟာ အခုကျွန်တော့်သမ္မတလည်းဖြစ်ပါတယ်” လို့ အသိအမှတ်ပြု ဂုဏ်ပြုပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမဲဆွယ်ကာလတစ်လျှောက်လုံးမှာ ပြိုင်ဘက်ပါတီကြီးနှစ်ခုကဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ရေကုန်မီးကုန်ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက်တွေလို့တောင် ဆိုနိုင်ပါတယ်။ နောင်ဆယ်နှစ်အကြာ ၂၀၁၈ မှာ မက်ကိန်းသေတော့ သူ့နာရေးမှာ အိုဘားမားက နာရေးအမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့ပါတယ်။...
ယဥ်ကျေးမှု မတူညီခြင်းအပေါ် နားလည်လက်ခံနိုင်ခြင်း (Cultural Tolerance)
ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ဟာ သူတို့ကိုရီးယားရိုးရာဝတ်စုံ ဟန်ဘွတ် (Hanbok) ကို ဂရမ်မီပွဲလိုမျိုး နိုင်ငံတကာ အထွတ်အထိပ်ပွဲကြီးတွေ အပါအဝင် သူတို့ရဲ့ ဖျော်ဖြေပွဲတွေမှာ မကြာခဏဝတ်ဆင်ပြီး သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ ဒါဟာ စင်မြင့်ပေါ် သရုပ်ဆောင်ချက်၊ ဖက်ရှင်တီထွင်ချက်တွေတင် မဟုတ်ပါဘူး။ ယဥ်ကျေးမှု အမှတ်လက္ခဏာ တစ်ခုကို ဖော်ထုတ်တာ၊ ဂုဏ်ယူစွာ တင်ဆက်ပြသတာ ဖြစ်ပါတယ်။ သူတို့...
လူထုပါဝင်မှုပုံစံအမျိုးမျိုး
ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေ၊ လိုအပ်ချက်တွေကို တိတိကျကျသိနိုင်ဖို့ လူထုပါဝင်မှု ပုံစံအမျိုးမျိုးကို အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစားအဖွဲ့တွေက နည်းလမ်းအမျိုးမျိုးနဲ့ စီမံဆောင်ရွက်တတ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံ့အရေးအရာတွေမှာ လူထုပါဝင်တယ်ဆိုတာ အများအားဖြင့် လူထုကတိုက်ရိုက်ကြီး ပါဝင်ပတ်သက်ရတာမျိုးမဟုတ်ဘဲ လူထုလူတန်းစားအလွှာစုံ၊ အထူးသဖြင့် အခွင့်အလမ်းအနိမ့်ပါးဆုံးအုပ်စုတွေရဲ့ လိုလားချက်တွေ၊ အသံတွေကို ဆုံးဖြတ်ချက်ချတဲ့အခါ ထင်ဟပ်နိုင်အောင်လို့ အချိုးကျပါဝင်ခွင့်ရအောင် စနစ်တကျဆောင်ရွက်ပေးရတာမျိုး ဖြစ်ပါတယ်။ စိတ်ဝင်စားသူတိုင်းပါဝင်စေတဲ့နည်း ဒီနေရာမှာ...