ဒီမိုကရေစီအသွင်ကူးပြောင်းမှု
ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာ ဒီမိုကရေစီမဟုတ်တဲ့ စနစ်တစ်ခုခုကနေ ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းတာပဲဖြစ်ပါတယ်။
နိုင်ငံတစ်ခုမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရင်းခံ အကြောင်းတရားတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေရှိပါတယ်။
ဒီအကြောင်းအရာတွေအပြင် အာဏာကိုဘယ်လိုပုံစံနဲ့ လွှဲပြောင်းသလဲဆိုတာအပေါ်မူတည်ပြီး ကွဲပြားနိုင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးအကြောင်းကို ယခုဗီဒီယိုလေးမှာ မျှဝေပေးထားပါတယ်။
ဒီမိုကရေစီ… သို့ (ဒီမိုကရက်တိုက်ဇေးရှင်း)
Democratization ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပြီး နိုင်ငံရေးစနစ်များစွာရှိတဲ့အနက် ဒီမိုကရေစီစနစ်မဟုတ်တဲ့ နိုင်ငံရေးစနစ်တစ်ခုခုကနေ ဒီမိုကရေစီနဲ့ အုပ်ချုပ်တဲ့ အစိုးရစနစ်ဆီကို ကူးပြောင်းတာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံ အားလုံးဟာ အာဏာရှင်စနစ်တစ်မျိုးမျိုးကနေ ကူးပြောင်းလာကြတာဖြစ်ပါတယ်။ ဒီ blog လေးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်လှိုင်းတွေအကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံတွေအကြောင်း နှစ်ပိုင်းခွဲပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် ဆမ်မြူရယ် ပီ ဟန်တင်တန် (Samuel...