ဒီမိုကရေစီစနစ်
နိုင်ငံတစ်ခုမှာ ဒီမိုကရေစီထွန်းကားမှုရှိ/မရှိ ဆိုတာကို နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်တွေကို လေးစားတဲ့ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေရှိခြင်းစတဲ့ အချက်တွေနဲ့ တိုင်းတာနိုင်ပါတယ်။
ဒီမိုကရေစီစနစ်နဲ့ အခြားနိုင်ငံရေးစနစ်တွေအကြား ကွဲပြားမှုတွေကို နှိုင်းယှဉ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေကို ဒီဗီဒီယိုလေးထဲမှာ မိတ်ဆက်ပေးထားပါတယ်။
လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု
ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းတွေ စုံလင်ကွဲပြားတဲ့အခါ ဒီမိုကရေစီဟာ ဖက်ဒရယ်စနစ်ကို ခိုင်မာစေမယ့် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာပါတယ်။ ဖက်ဒရယ်စနစ်ဟာ အာဏာကို ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေထားပြီး လူမျိုးဘာသာပေါင်းစုံ တိုင်းရင်းသားတွေ အတူတကွ စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအလေ့အထတွေကို ရှင်သန်အားကောင်းအောင် မလုပ်ထားဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာမှာ တိုင်းရင်းသားလူမျိုးစုတွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေနိုင်ပြီး တည်ငြိမ်တဲ့အုပ်ချုပ်ရေစနစ်တစ်ခုအဖြစ် ရေရှည်တည်တံ့ဖို့...
တန်းတူညီမျှရေး(အမျိုးသမီးအခွင့်အရေး)
နှစ်စဉ် မတ်လ ၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day – IWD) ကို ကမ္ဘာတစ်ဝန်း ကဏ္ဍအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အောင်မြင်မှုတွေ၊ စွမ်းဆောင်ရည်သတ္တိတွေကို အသိအမှတ်ပြုပြီး တန်းတူညီမျှအခွင့်အရေးရရှိဖို့အတွက် လှုပ်ရှားတောင်းဆို ကျင်းပကြပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ်အတွက် theme ကတော့ “Accelerate Action” ဆိုတဲ့...
တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်
တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ နောက်ခံမှတ်တမ်းတွေထဲမှာဆိုရင် စစ်အုပ်ချုပ်ရေး (Martial Law) က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဆီကို ခရီးနှင်ခဲ့တဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တာနဲ့အတူ ကိုရီးယားကျွန်းဆွယ်ဟာ ၃၈ မျဉ်းပြိုင်အတိုင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နယ်မြေခွဲခြားသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။...
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့
ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ပဲ ဖြစ်ပါတယ်။၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲခွဲဆုံးဖြတ်မှုရလဒ်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့...