ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒ
Constitution – ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရတစ်ရပ်ရဲ့အုပ်ချုပ်ပုံ၊ အခွင့်အာဏာတွေ၊ တာဝန်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေနဲ့ တာဝန် စတာတွေကို တရားဝင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျမ်းတစ်ခုဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့လည်း သုံးနှုန်းကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရားပုံစံ၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ တာဝန်တွေ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတာတွေ၊...