ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ

2 min read | December 3, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

တရားမျှတမှု- လွတ်လပ်မျှတသော တရားစီရင်ရေးစနစ် လူထုယုံကြည်ကိုးစားရတဲ့ တရားစီရင်ရေးစနစ်မရှိတဲ့ ဖက်ဒရယ်စနစ်တစ်ခုဟာ ထိလွယ်ရှလွယ်ပြီး အချိန်မ‌ရွေးပျက်စီးခြင်းတရားနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ လွတ်လပ်တဲ့ တရားရေးစနစ်နဲ့ တရားရုံးတွေက ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ၊ ဗျူရိုကရေစီယန္တယားကြီးက သူတွေအားလုံး အခြေခံဥပဒေအပါအဝင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို တိတိကျကျလိုက်နာဆောင်ရွက်အောင် စောင့်ကြပ်ပေးပါတယ်။ လွတ်လပ်သောတရားရေးစနစ်၏ လုပ်ငန်း‌ဆောင်တာများ ● အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ကို အ‌ခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့‌ဘောင်ထဲမှာ အတိအကျရှိနေစေဖို့ စောင့်ကြပ်ပေးတယ် ●...
ပိုမိုဖတ်ရှုရန်
2 min read | November 27, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

စတုတ္ထမဏ္ဍိုင်- လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ အမှောင်ထဲမှာ ဒီမိုကရေစီသေတယ်ဆိုတဲ့စကား အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်အဖွဲ့တွေဟာ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို မယိမ်းမယိုင်ရလေအောင် တစ်ဖက်တစ်လမ်းကနေ တာဝန်ယူစောင့်ကြပ်ပေးတဲ့ ဒီမိုကရေစီအိမ်စောင့်ခွေးတွေလို့လည်း ခေါ်လို့ရနိုင်ပါတယ်။ ဒီအင်စတီကျူးရှင်းတွေဟာ အစိုးရအဖွဲ့အစည်းအမျိုးမျိုး၊ ဗျူရိုကရေစီယန္တယားနဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်ရှိအောင် အမြဲစောင့်ကြည့်ပေးနေတဲ့ အဖွဲ့အစည်းတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒီအပြင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်မှာ...
ပိုမိုဖတ်ရှုရန်
2 min read | November 23, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

မီးဘေး‌ရှောင်၊ လောင်ရင်ငြှိမ်း- ဖက်ဒရယ်နိုင်ငံများရှိ ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းများ ဖက်ဒရယ်စနစ်တစ်ခုမှာ ဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်ပါတယ်ပြောပြော ပွတ်တိုက်မှုတွေကတော့ အနည်းနဲ့အများ၊ အနှေးနဲ့အမြန်ဆိုသလို အမြဲပေါ်‌ပေါက်လေ့ရှိပါတယ်။ ဖက်ဒရယ်တိုင်းပြည်တွေအတွက် အရေးအကြီးဆုံးက ပေါ်‌ပေါက်လာတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လောက်စောစော ထောက်လှမ်းသိရှိနိုင်သလဲဆိုတာနဲ့ ပဋိပက္ခအဖြစ်မပြောင်းခင် ဘယ်လို အမြန်ဆုံးစေ့စပ်ဖျန်ဖြေပေးနိုင်သလဲဆိုတဲ့ အချက်တွေပါပဲ။ ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းတွေဟာ ပွတ်တိုက်မှုနဲ့ သဘောကွဲလွဲမှုတွေကနေ ပဋိပက္ခအဆင့်အထိမတက်လှမ်းနိုင်အောင် ကာကွယ်တားဆီးပေးမယ့်...
ပိုမိုဖတ်ရှုရန်
2 min read | November 18, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

မုန့်ဝိုင်းကို ဝေခြမ်းရေး- ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် အရင်းအမြစ်မျှတစွာခွဲဝေရေး အရေးပါပုံ ဖက်ဒရယ်စနစ်မှာ နိုင်ငံရေးအရ ကိုယ်စားပြုမှုအပြင် ဘဏ္ဍာရေးအရ အရင်းအမြစ်တွေကို မျှမျှတတ ခွဲဝေနိုင်ဖို့လည်း အရေးပါပါတယ်။ မဟုတ်ရင် အနှစ်သာရမရှိတဲ့ ဖက်ဒရယ်ဖြစ်ပြီး ပဋိပက္ခတွေကိုသာ ရှောင်လွှဲမရဘဲ ကြုံရပါလိမ့်မယ်။ (ဒီအကြောင်းနဲ့ ဆက်စပ်ပြီး “စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ” ဆိုတဲ့ ပို့စ်တစ်ခု တက်ဆက်ဖူးပါတယ်။) ဒီပို့စ်မှာတော့ စီးပွားရေးအရင်းအမြစ်တွေနဲ့ ဘဏ္ဍာကို...
ပိုမိုဖတ်ရှုရန်
2 min read | November 13, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

လူထုအသံနှင့် ဒေသဆိုင်ရာအသံ-ဖက်ဒရယ်စနစ်တွင် အထက်၊ အောက်လွှတ်တော်နှစ်ရပ်အရေးပါပုံ ဖက်ဒရယ်စနစ်မှာ ဒေသန္တရယူနစ်တိုင်း၊ ပြည်နယ်တိုင်းက လွှတ်တော်မှာ တန်းတူပြောရေးဆိုခွင့်ရှိဖို့လိုပါတယ်။ ဒါကြောင့်မို့ လွှတ်တော်နှစ်ရပ်နဲ့ ဥပဒေပြုရေးစနစ်ကို ဖက်ဒရယ်တိုင်းပြည်တိုင်းလိုလိုမှာ ကျင့်သုံးကြတာဖြစ်ပါတယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေချမှတ်ရာမှာ လွှတ်တော်တစ်ရပ်က ပြည်သူလူထုအားလုံးကို အချိုးကျကိုယ်စားပြုပြီး နောက်လွှတ်တော်တစ်ရပ်က ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေကို အချိုးကျ ကိုယ်စားပြုလေ့ရှိပါတယ်။ လွှတ်တော်နှစ်ရပ်အလုပ်လုပ်ပုံ – အောက်လွှတ်တော်ကမဲဆန္ဒရှင်၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ အစုအပေါင်းကို...
ပိုမိုဖတ်ရှုရန်
2 min read | October 23, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၁)

ပြည်‌ထောင်စုရဲ့ ဒိုင်လူကြီး- ဖက်ဒရယ်စနစ်တွင် ဖွဲ့စည်းပုံခုံရုံးအရေးပါပုံ ဘယ်ပြိုင်ပွဲတိုင်းမှာမဆို ဒိုင်လူကြီးလိုပါတယ်။ ဖက်ဒရယ်စနစ်မှာလည်း အလားတူ ဒိုင်လူကြီးလိုပါတယ်။ အစိုးရ အဖွဲ့အစည်းအချင်းချင်းကြားမှာ ပြည်နယ်နဲ့ ပြည်ထောင်စု၊ ပြည်နယ်အချင်းချင်းကြားမှာ အငြင်းအခုံ ပြဿနာတွေရှိလာရင် ပဋိပက္ခမဖြစ်စေပဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ဆုံးဖြတ်ပေးတဲ့ အမြင့်ဆုံးအဖွဲ့အစည်းက ဖွဲ့စည်းပုံဆိုင်ရာခုံရုံး (ခုံသမာဓိရုံး) ပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး၏လုပ်ငန်းဆောင်တာများ ခုံရုံးက ပြည်ထောင်စုရဲ့ အဆင့်အမြင့်ဆုံးဥပ‌ဒေ (ဝါ) ဖွဲ့စည်းပုံကို အနက်ပြန်တဲ့အလုပ်ကိုလုပ်ပါတယ်။...
ပိုမိုဖတ်ရှုရန်
2 min read | October 15, 2025
မျှဝေရန် :

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ

  ဖက်ဒရယ်ကို နိုင်ငံရေးစနစ်တစ်ခုအနေနဲ့ ရွေးချယ်လျှောက်လှမ်းကြတဲ့ နိုင်ငံတွေတိုင်းမှာ ဒီလို‌ရွေးရခြင်း အကြောင်းတရားတစ်ခုတည်းရှိတယ်လို့ ဆိုချင်ဆိုလို့ရပါတယ်။ အဲဒါကတော့ (နိုင်ငံ)တစ်ပိုင်းတစစီမပြိုကွဲဘဲနဲ့ မတူကွဲပြားခြင်းတွေကို ထွေးပွေ့စီမံနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ နယ်စပ်မျဥ်းတွေဆွဲတာတို့၊ ဖွဲ့စည်းပုံရေးတာတို့က တကယ်တမ်းသိပ်မခက်လှဘူးလို့ဆိုရပါမယ်။ ဖက်ဒရယ်စနစ်တစ်ခု ရှင်သန်နိုင်ခြင်းရှိ၊ မရှိကို အဆုံးအဖြတ်ပေးတာကတော့ ပထဝီတွေ၊ သမိုင်းတွေမဟုတ်ဘဲ အခုတင်ပြမယ့် အင်စတီကျူးရှင်းတွေပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ဖက်ဒရယ်နိုင်ငံတွေမှာ နောက်ကွယ်ကနေ ထိန်းညှိပဲ့ကိုင်ပေးနေတဲ့ ထိရောက်ပြီး သီးခြားလွတ်လပ်တဲ့အင်စတီကျူးရှင်းတွေရှိကြပါတယ်။...
ပိုမိုဖတ်ရှုရန်