ဒီမိုကရေစီအလေ့အကျင့်များ

2 min read | December 17, 2025
မျှဝေရန် :

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

Civility ဆိုတာ နိုင်ငံသားတွေ မဖြစ်မနေပြုမူရမယ့် ယဉ်ကျေးရည်မွန်တဲ့ အ‌ပြုအမူတစ်ရပ်ကိုဆိုလိုတာဖြစ်ပါတယ်။ ယဉ်ကျေးခြင်း (Politeness) နဲ့ မတူပါဘူး။ ယဉ်ကျေးခြင်းဆိုတာ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အစရှိတဲ့ အပေါ်ယံကြော လူမှုဆက်ဆံရေးပုံစံတစ်ခုပါပဲ။ ယဉ်ကျေးရည်မွန်ခြင်း (Civility) ဆိုတာ ကိုယ်နဲ့အယူအဆခြင်းမတူ၊ အမြင်ခြင်းမတူတဲ့သူတွေအပေါ် ရည်မွန်စွာဆက်ဆံပြောဆိုတဲ့အပြုအမူတစ်ရပ်ကို ဆိုလိုပါတယ်။ အလွယ်ပြောရရင်တော့ ယဉ်ကျေးရည်မွန်ခြင်း (Civility) ဆိုတာ Disagree with respect...
ပိုမိုဖတ်ရှုရန်
2 min read | December 10, 2025
မျှဝေရန် :

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ဒီမိုကရေစီအကြောင်းရေးထားတဲ့ စာအုပ်တွေမှာ အများအားဖြင့် ဒီမိုကရေစီဆိုတာ “ပြည်သူကအုပ်ချုပ်ခြင်း၊ ပြည်သူအတွက် အုပ်ချုပ်ခြင်း” လို့သာ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အင်္ဂလိပ်လို Ruled by the people, for the people သာလျှင် ခေတ်စားပြီး လူသိများပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမယ်ဆိုရင် ဒီမိုကရေစီကို သူ့ရဲ့ ဖွဲ့စည်းပုံ (Structure)အရ ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်ပြီး...
ပိုမိုဖတ်ရှုရန်
2 min read | October 11, 2025
မျှဝေရန် :

အပေးအယူလုပ်ညှိနှိုင်းခြင်း၏ အခြေခံအတွေးအခေါ်

  ဘယ်လို ဒီမိုကရေစီပုံစံမျိုးမှာမဆို မတူညီတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေနဲ့ အကျိုးအမြတ်အုပ်စုတွေရှိကြပါတယ်။ အဲဒီလိုအုပ်စုတိုင်း အုပ်စုတိုင်းက တစ်ခုနဲ့တစ်ခု အပေးအယူလုပ်ညှိနှိုင်းတာမျိုးမရှိဘဲ၊ ကိုယ့်လှေကိုယ်ထိုးနေမယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ ပဋိပက္ခတွေကြားထဲမှာသာလျှင် ပိတ်မိနေပါလိမ့်မယ်။ အပေးအယူလုပ်ညှိနှိုင်းခြင်းဆိုတာ အုပ်စုတစ်စု၊ ဘက်တစ်ဘက်တည်းက အရာရာအားလုံးကို ထိန်းချုပ်မထားရေးဘဲ ဖြစ်ပါတယ်။ အပေးအယူလုပ်ညှိနှိုင်းခြင်းသာမရှိရင် အုပ်စုတစ်စုတည်းက လွှမ်းမိုးသွားပြီး ပဋိပက္ခသံသရာဆီ ဦးတည်သွားမှာပဲ ဖြစ်ပါတယ်။ အပေးအယူလုပ်ခြင်းဆိုတာ မတူညီတဲ့အကျိုးအမြတ်တွေ၊ တန်ဖိုးတွေ...
ပိုမိုဖတ်ရှုရန်
2 min read | October 7, 2025
မျှဝေရန် :

ဒီမိုကရေစီနှင့်အပေးအယူယဉ်ကျေးမှု (Compromise Culture)

  ဒီမိုကရေစီကြာရှည်ခံဖို့၊ ရှင်သန်ကြီးထွားဖို့ အရေးအကြီးဆုံးအရာတစ်ခုက အပေးအယူလုပ်ညှိနှိုင်းတဲ့ယဉ်ကျေးမှု (Compromise Culture) ထွန်းကားလာဖို့ပါပဲ။ အပေးအယူလုပ်ညှိနှိုင်းတတ်တဲ့ ဓလေ့တစ်ခု ဖြစ်ထွန်းမှသာလျှင် မတူညီတဲ့အကျိုးအမြတ်တွေကြားထဲ အတူတကွပေါင်းစည်းနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ အပေးအယူယဉ်ကျေးမှုထွန်းကားရင် ငါသာလျှင်အမှန်ဆိုတဲ့ ယုံကြည်ချက်ကို အသေဆုပ်ကိုင်ထားတဲ့ဓလေ့မျိုး၊ လူ့အဖွဲ့အစည်းမျိုးမှာ ဖြစ်ထွန်းဖို့ခက်ခဲပါတယ်။ တစ်ခြားသူတွေမှာလည်း သူတို့ရဲ့ ရှုထောင့်အမြင်တွေရှိတယ်။ သူတို့ရဲ့ ခိုင်မာတဲ့တောင်းဆိုချက်တွေ ရှိတယ်လို့ မြင်ပေးတတ်တဲ့ လူ့အဖွဲ့အစည်းမှာသာလျှင်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုဟာ...
ပိုမိုဖတ်ရှုရန်