အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့

2 min read | December 10, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

 

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲခွဲဆုံးဖြတ်မှုရလဒ်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ (International Human Rights Day) အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ် လက်ရှိ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အခြေခံပြီး သီးခြားသတ်မှတ်ထားတဲ့ ခေါင်းစဉ်တွေနဲ့ ကျင်းပလာခဲ့ကြတာ အခုဆိုရင် ၇၆ ကြိမ်မြောက်ရှိခဲ့ပါပြီ။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းဟာ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ နေထိုင်သွားလာခွင့်၊ စီးပွားရှာခွင့်၊ သင်ယူလေ့လာခွင့်တွေနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေကို လူမျိုး၊ ကျား-မ (လိင်ဖြစ်တည်မှု/လိင်စိတ်ခံယူမှု)၊ အသားအရောင်နဲ့ သွင်ပြင်လက္ခဏာ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအပေါ် ခွဲခြားမှုမရှိဘဲ လူသားတိုင်းရဲ့ မွေးရာပါ ရသင့်ရထိုက်တဲ့ အခြေခံစံနှုန်းတွေအဖြစ် စာပိုဒ် (article) အပိုဒ် ၃၀ နဲ့ ဖော်ပြထားပါတယ်။ မြန်မာဘာသာစကားအပါအဝင် ဘာသာစကားပေါင်း ၅၆၂ ဘာသာနဲ့ ဘာသာပြန်ထားပါတယ်။

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ ညီလာခံတွေကျင်းပဆွေးနွေးခြင်း၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြခန်းတွေ ပြပွဲတွေ ပြုလုပ်ခြင်း၊ social media တွေကတစ်ဆင့် ကမ်ပိန်းတွေပြုလုပ်ခြင်း၊ အသိပညာမျှဝေခြင်း၊ လူ့အခွင့်အရေးဖော်ဆောင်မှုတွေမှာ ထိထိရောက်ရောက်ပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ဂုဏ်ပြုခြင်း အစရှိသဖြင့် ကမ္ဘာတစ်ဝန်းလုံးမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။

ဒီနေ့မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ –
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွေဟာ အနာဂတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကင်းတဲ့ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့အတွက် လူ့အခွင့်အရေးတွေကို တန်ဖိုးထားလေးစားလိုက်နာပြီး အကာအကွယ်ပေးဖို့ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေတိုင်းမှာ တာဝန်ရှိတာကို မီးမောင်းထိုးပြနေတာဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့လည်း ဟန်ချက်ညီညီ အတူတကွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တာပဲဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

နီပေါနိုင်ငံ၏ ဖက်ဒရယ်ကြိုးပမ်းအားထုတ်မှုနှင့် အခက်အခဲများ

ပိုမိုဖတ်ရှုရန်
2 mins read

မုန့်ဝိုင်းကို ဘယ်လိုခွဲကြသလဲ? အိန္ဒိယနဲ့ အင်ဒိုနီးရှားမှ ဥပမာများ..

ပိုမိုဖတ်ရှုရန်
2 mins read

စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဆိုတာ တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် – အိန္ဒိယနိုင်ငံ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ- သူနိုင်-ငါရှုံး ယဉ်ကျေးမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်