လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

2 min read | November 8, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

Civic M ကနေ ဗဟုဝါဒနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ဆက်တိုက်တင်ပြနေရာကနေ ဒီနေ့လေးမှာတော့ လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး မျှဝေချင်ပါတယ်။
လူသားဂုဏ်သိက္ခာဆိုတာ ဘယ်လိုလူမျိုးမှာပဲဖြစ်စေ လူတစ်ယောက်ဖြစ်နေပြီဆိုတာနဲ့ ပိုင်ဆိုင်တဲ့ဂုဏ်သိက္ခာ ကိုခေါ်ပါတယ်။ လူတစ်ယောက်ဟာ ဆင်းရဲသည်ဖြစ်စေ၊ မျိုးရိုးအဆင့်အတန်းနိမ့်ကျသည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ၊ မုဒိန်းမှုကျူးလွန်သည်ဖြစ်စေ၊ လူသတ်သမားဖြစ်စေ၊ လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့အပေါ်ကို လူလိုသဘောထား ဆက်ဆံရမယ်ဆိုတဲ့အမြင်လည်း ဖြစ်ပါတယ်။
လူ့ဂုဏ်သိက္ခာဆိုတာ အစိုးရတစ်ရပ်၊ လူ့အဖွဲ့အစည်းတစ်ခု၊ မတူညီတဲ့အုပ်စုတစ်စုကနေ ပေးအပ်ထားတဲ့အရာမဟုတ်ပါဘူး။ လူသားဖြစ်တည်မှုရဲ့ အတွင်းတန်ဖိုးတစ်ရပ်၊ သမိုင်းတစ်လျှောက်မှာ လူသားဖြစ်မှု၊ လူ့ဂုဏ်သိက္ခာကို ငြင်းပယ်တဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ညှင်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ဒီသမိုင်းဖြစ်ရပ်တွေအပေါ်ကို အခြေခံပြီး ဘယ်လိုလူမျိုးကိုမဆို ဘယ်လိုအကြောင်းပြချက်နဲ့မှ လူအဖြစ်ကနေလျှော့ချ ဆက်ဆံပိုင်ခွင့် မရှိဆိုတဲ့ အတွေးအခေါ်တစ်ရပ် ပေါ်ထွန်းလာတာပါ။ ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားနားလည်မှုရဲ့ နှလုံးသည်းပွတ်လည်း ဖြစ်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ လူသားဂုဏ်သိက္ခာကို ငြင်းပယ်တဲ့ လူ့အဖွဲ့အစည်းတွေဆိုတာ အမြင်ကျဉ်းမြောင်းမှုတွေ၊ မုန်းတီးမှုနဲ့ လက်စားချေမှုတွေ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းမျိုးပါပဲ။ အခြေခံအကျဆုံးဖြစ်တဲ့ လူသားဖြစ်မှုကိုတောင်မှ ငြင်းပယ်နေပြီဆိုရင် အဲဒီလိုလူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီတန်ဖိုးတွေ ဖူးပွင့်လာဖို့ ခက်ခဲတဲ့လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။
လူသားဖြစ်မှု ဝါ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်းဟာ လူသားဆန်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို ထွန်းကားလာစေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ အကြောင်းကတော့ လူသားဖြစ်မှုအခြေခံကို လေးစားခြင်းဟာ ဂရုဏာတရား၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံကျတဲ့ ကိုယ်ကျင့်တရားဆိုင်ရာအမြင်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါဟာ အုပ်စုတစ်စု၊ လူတစ်ယောက်ကို အကာအကွယ်ပေးခြင်းထက်ပိုပါတယ်။ ဒါဟာ လူသားဆန်တဲ့ လူ့အဖွဲ့ အစည်းတစ်ရပ်ကို အုတ်မြစ်ချခြင်းပဲဖြစ်ပါတယ်။
လူသားဖြစ်မှုကိုလေးစားခြင်းကနေ လူ့အဖွဲ့အစည်းကို သင်ကြားပေးမှာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဘယ်လို အကြောင်းပြချက်ကြောင့် လူအဆင့်ကနေ လျော့ချပြီး ဆက်ဆံစရာမလိုဘူး။ သူတို့ရဲ့ အသံတွေကို ပိတ်လှောင်စရာမလိုဘူး။ သမိုင်းတစ်လျောက်မှာ မျိုးဖြုတ်သတ်ဖြတ်မှုတွေဟာ လူသားဖြစ်မှုကို ငြင်းပယ်ခြင်းကနေလာပြီး လူသားအဖြစ်ကနေ အဆင့်လျှော့ချသတ်မှတ်ခြင်းဟာ လူ့သမိုင်းတစ်လျှောက်မှာ အမိုက်မှောင်ဆုံးသောကာလတွေ ဖြစ်ခဲ့ကြပါတယ်။
Civic M ပရိတ်သတ်တွေလည်း သိလို၊ ဆွေးနွေးလိုတဲ့ လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity) နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်