ဒီမိုကရေစီ၏ မရှိမဖြစ်တန်ဖိုး (ဗဟုဝါဒ)

2 min read | October 27, 2025
မျှဝေရန် :

Audio Book နားထောင်ရန်


 

Civic M ကနေ ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများတွေ အကြောင်းတင်ဆက်နေရာကနေ ဒီတစ်ပတ်ထဲမှာတော့ ဒီမိုကရေစီအတွက်အရေးပါတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ဗဟုဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တစ်လှည့်ပြန်လည်တင်ဆက်ပေးလိုပါတယ်။
ဒီမိုကရေစီဆိုတာ နိုင်ငံသားတွေရဲ့ အသံအပေါ်မှီခိုနေရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံသားဆိုတဲ့နေရာမှာ လူမျိုး၊ လိင်၊ လူတန်းစား၊ နိုင်ငံရေးခံယူမှုအရ အမျိုးမျိုးကွဲပြားခြားနားတဲ့ အစုအဖွဲ့တွေကို ဆိုလိုပါတယ်။ ဗဟုဝါဒက အဲဒီလိုမတူညီတဲ့အုပ်စုတွေရဲ့ အသံကို လေးစားပေး၊ နားထောင်ပေးတဲ့ အမြင်တစ်ခုပါပဲ။
ဗဟုဝါဒလူ့အဖွဲ့အစည်းဆိုတာ မတူကွဲပြားခြားနားတဲ့ တန်ဖိုးတွေ၊ ရှုထောင့်အမြင်တွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ မတူကွဲပြားခြားနားတဲ့ အမြင်တွေကို လက်မခံတဲ့လူ့အဖွဲ့အစည်းဟာ သူတို့ဟာ သူတို့ဘယ်လောက်ပဲ ဒီမိုကရေစီ လိုချင်ပါတယ်ပြောပြော အာဏာရှင်စိတ်ဝိညာဉ်ကိန်းအောင်းနေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
မတူကွဲပြားခြားတဲ့ တန်ဖိုးတွေ၊ နိုင်ငံရေးရှုထောင့်အမြင်တွေကို လက်ခံပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်မှသာလျှင် နိုင်ငံသားတွေဟာ သူတို့ရဲ့ အမြင်တွေကို လွတ်လပ်စွာဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဗဟုဝါဒအမြင်ကို လက်ခံနိုင်မှသာလျှင် ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားမှာဖြစ်ပါတယ်။
လက်တွေ့မှာ ဗဟုဝါဒဆိုတာ ဒီမိုကရေစီတန်ဖိုးတွေကို အားကောင်းလာအောင်မြှင့်တင်ပေးရုံသာမက လူနည်းစုတွေကိုပါ ကာကွယ်ပေးတာမျိုးပဲဖြစ်ပါတယ်။ အုပ်စုကြီးတစ်ခုကနေ တခြားသောအုပ်စုတွေကို လွှမ်းမိုးခြယ်လှယ်လို့ မရအောင်လည်း အကာအကွယ်ပေးပါတယ်။ ဗဟုဝါဒက ကွဲပြားခြားနားတဲ့အမြင်အမျိုးမျိုးကို အားနည်းချက်လို့မမြင်ဘဲ ခွန်အားတစ်ရပ်လို့မြင်ပါတယ်။
ဆရာကြီးဒဂုန်တာရာဟာ သူ့ဘ၀တစ်လျှောက်လုံး ဗဟုဝါဒအမြင်ကို လက်ကိုင်ထားခဲ့သူအဖြစ်ထင်ရှားပါတယ်။ ဆရာကြီးဒဂုန်တာရာက “ နိုင်ငံရေးယဉ်ကျေးမှုသည် ဧကဝါဒမဟုတ်။ တစ်ကိုယ်တည်းကောင်းစားရေး၊ တစ်ကိုယ်တည်းအစွမ်းပြရေး၊ တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲအာဃာတလွှမ်းမိုးခြင်းတို့သည် ဧကဝါဒ၏ ခက်မာမှုများဖြစ်ကြသည်။ ဧကဝါဒနှင့် ဆန့်ကျင်ဘက်က ဗဟုဝါဒ။ လူသားတို့၏ ကမ္ဘာကြီးသည် တစ်မျိုးတည်း တစ်ရောင်တည်း ရှိနေသည်မဟုတ်။ အမျိုးမျိုး အထွေထွေ ဖွဲ့စည်းတည်ရှိနေရသည်။ ယင်းသို့လျှင် မတူခြင်းတို့ပေါင်းစပ်ခြင်းသည် ညီညွတ်ရေးဖြစ်သည်။ ဗဟုဝါဒဖြစ်သည်” လို့ ဆိုခဲ့ပါတယ်။ မြန်မာစာပေမှာ ဗဟုဝါဒဟာ ဆရာကြီးဒဂုန်တာရာကြောင့် ခိုင်မာတဲ့အတွေးအခေါ်တစ်ရပ်အနေနဲ့ ဖြစ်ထွန်းတည်ရှိကြောင်းလည်း ဝေမျှလိုပါတယ်။
Civic M ပရိတ်သတ်တွေလည်း သိလို၊ ဆွေးနွေးလိုတဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ်တန်ဖိုးတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်