အများကြိုက်ဝါဒ

2 min read | July 4, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

အများကြိုက်ဝါဒဆိုတာကတော့ နိုင်ငံရေးပါတီတစ်ရပ်၊ နိုင်ငံရေးသမားတစ်ဦးကို လူကြိုက်များစေဖို့ဆိုတဲ့ ကျဥ်းမြောင်းတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ နိုင်ငံရေးမူဝါဒတွေ၊ သတင်းစကားတွေ၊ ကြွေးကြော်သံတွေကို စနစ်တကျရွေးချယ် အသုံးပြုခြင်းကိုဆိုပါတယ်။ ဒီလိုသုံးလို့ ကိုယ့်လူ၊ ကိုယ့်ပါတီရေပန်းစားလာပေမယ့် ရေရှည်မှာ ကြုံလာနိုင်တဲ့ မတည်မငြိမ်ဖြစ်မှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ လူနည်းစုအတွက် ဆုံးရှုံးနစ်နာနိုင်ခြေတွေကို ထည့်သွင်းစဥ်းစားခြင်း အလျဥ်းမရှိပါဘူး။ လူအဖွဲ့အစည်းထဲက “တကယ့်လူထုအစစ်အမှန်” ဆိုတာကြီးနဲ့ အဲဒီလူထုအစစ်အမှန်ရဲ့ ရန်သူအုပ်စုဆိုတာကို ခွဲခြားဖန်တီးပြီး ရန်တိုက်ပေးတဲ့ ပေါ်လစီတွေကို ကိုင်စွဲတာ၊ စစ်တမ်းတွေမှာ လူကြိုက်အများဆုံးလို့ဆိုတဲ့ ကိစ္စတွေကိုပဲ ရွေးချယ်ဆောင်ရွက်တာတွေက အများကြိုက်ဝါဒရဲ့လမ်းစဥ်တွေ ဖြစ်ပါတယ်။ လူကြိုက်များ မှုတစ်ခုထဲကိုပဲ ကြည့်တာကြောင့်သူတို့ ပေါ်လစီတွေ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏၊ ဒီမိုကရေစီကျ၊ မကျ၊ တရားမျှတမှုရှိမရှိ ဆိုတာတွေကို ထည့် စဥ်းစားလေ့မရှိပါဘူး။

အများကြိုက်ဝါဒရဲ့ အန္တရာယ်

ဒီလိုနဲ့ အများကြိုက်ဝါဒဟာ အန္တရာယ်များလှတဲ့ နိုင်ငံရေးဖြတ်လမ်းတစ်ခု ဖြစ်လာပြီး ခေါင်းဆောင်တွေဟာ လူကြိုက်များဖို့အတွက် အာဏာကို စောင့်ကြည့်ထိန်းကွပ်ပေးမယ့် အင်စတီကျူးရှင်းတွေကို အလေးမမူတော့တာ၊ သိမ်မွေ့တဲ့ အပေးအယူ အလျော့အတင်း တွေပါဝင်တဲ့ ခက်ခဲတဲ့မူဝါဒတွေကို လုပ်မနေတော့ပဲ အလွယ်တကူ လူပြိန်းကြိုက်နိုင်တဲ့ မရိုးမသားဖြစ်လောက်တဲ့အထိ ရိုးရှင်းမြင်သာတဲ့ မူဝါဒတွေချမှတ်တာ၊ အထက်ကပြောတဲ့ “တကယ့်လူထုကြီး” နဲ့ “လူထုရန်သူတွေ” ကို ရန်တိုက်‌ပေးတာ စတာတွေလုပ်ကြပါတယ်။ “တကယ့်လူထုကြီး”ရဲ့ရန်သူဆိုတာလည်း ဘယ်သူမဆို အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။ ရေပေါ်ဆီ လူတန်းစားတွေ၊ ဘာသာခြားတွေ၊ လူနည်းစုဝင်တွေ၊ ပြည်ပအခြေချနေထိုင်သူတွေ၊ မျိုးချစ်စိတ်မရှိသူတွေ စသဖြင့် ခေါင်းစဥ်မျိုးစုံကို အခွင့်သင့်သလိုသုံးသွားလေ့ ရှိပါတယ်။ အများကြိုက်ဝါဒဟာ ရှုထောင့်ပေါင်းစုံကို လက်ခံစဥ်းစား‌ပေးလေ့ရှိတဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုံမှုနဲ့ ညှိနှိုင်းမှု နေရာတွေမှာ လူကြိုက်များမှု တစ်ခုတည်းကိုပဲ ဦးထိပ်ပန်ပြီး မိမိနှင့် ရန်သူ၊ အဖြူနဲ့ အမည်း၊ အကောင်းနဲ့ အဆိုးနှစ်မျိုးတည်း ထီးထီးကြီး ရှိနေသည့်သဖွယ် စည်းရုံးပြောဆိုပြီး အမြင်မတူသူတွေကိုတော့ တစ်ခါတည်းဦးနှိမ်နှုတ်ပိတ်ဖို့ ကြိုးစားလေ့ရှိပါတယ်။

ဒါ့ကြောင့် ၂၁ ရာစုမှာ ဒီမိုကရေစီရဲ့ အကြီးဆုံးအန္တရာယ်ကို ပြပါဆိုရင် အများကြိုက်ဝါဒကလည်း ထိပ်တန်းအကျဆုံးနေရာမှာရှိတဲ့ အန္တရာယ်ကြီးတစ်ခု ဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းနဲ့ ခေါင်းဆောင်ပိုင်းတွေ မှာဘယ်သူကတော့ ဒီမိုကရေစီနဲ့ မတူကွဲပြားမှုတွေကို နားလည်လက်ခံပေးတယ်၊ ဘယ်သူကတော့ အများကြိုက်ဝါဒလမ်းစဥ်ကို လက်ကိုင်ထားတယ်စသဖြင့် လေ့လာဆန်းစစ်၊ ခွဲခြားသိမြင်နိုင်ကြစေဖို့ တိုက်တွန်းလိုပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်