မုန့်ဝိုင်းကို ဘယ်လိုခွဲဝေကြမလဲ?? How to share a pie: Distributional Justice??

2 min read | May 26, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

လူ့အဖွဲ့အစည်းတစ်ခုဟာ အကန့်အသတ်နဲ့ရှိတဲ့ သူ့ရဲ့အရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေနဲ့ ဓနကို လူ့အဖွဲ့အစည်းဝင်တွေကြားမှာ ဘယ်လိုဘယ်ပုံခွဲဝေကြ တယ်ဆိုတဲ့ အခြေခံ အယူအဆတစ်ချို့ကို မိတ်ဆက်ဆွေးနွေးလိုပါတယ်။ ဒါကို လူမှုတရားမျှတမှု Social Justice/Distributional Justice လို့လည်း ခေါ်ဝေါ်လို့ရပါတယ်။ အောက်မှာတော့ မုန့်ဝိုင်းဥပမာကိုသုံးပြီး အလွယ်မြင်သာအောင်ရှင်းပြပါမယ်။

တန်းတူညီမျှစွာခွဲဝေမှု
အခြေခံကတော့ နွားထီးတစ်ကျပ်နွားမတစ်ကျပ်ဆိုသလို လူတိုင်းကို တတ်နိုင်သမျှအညီအမျှရအောင် ခွဲဝေတဲ့နည်းဖြစ်ပါတယ်။ လူတစ်ဦးချင်းစီဟာ အခွင့်အလမ်းညီတူမျှတူရှိသင့်တယ်ဆိုတဲ့ မူကနေလာတာပါ။ ကလေးတွေမုန့်ကို အညီအမျှခွဲဝေစားသလိုမျိုးပါပဲ။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ကြား မတူညီ တဲ့ လိုအပ်ချက်တွေ၊ အခြေအနေတွေ၊ ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို ထည့်တွက်နိုင်ခြင်းမရှိပါဘူး။

လိုအပ်ချက်အလိုက်ခွဲဝေမှု
အခြေခံကတော့ကတော့ လူတိုင်းဟာ သူ့ရဲ့လိုအပ်ချက်တွေကို အပြည့်အဝရရှိခံစားပိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောတရားကနေ ဆင်းသက်လာတာပါ။ အထက်ကလို လူတိုင်းတန်းတူရတာမျိုးမဟုတ်တော့ပဲ အနိမ့် ဆုံးလိုအပ်ချက်မပြည့်မီသူတွေကို လိုအပ်ချက်ပြည့်သွားအောင် ပိုပြီးဦးစားပေးခွဲဝေတဲ့ပုံစံပါ။ မုန့်ဥပမာကို ပြန်သုံးရရင် အစားမစားရသေးတဲ့ ကလေး၊ ဗိုက်ဆာနေတဲ့ ကလေး၊ အာဟာရချို့တဲ့တဲ့ ကလေးတွေကို မုန့်ပိုပေးတဲ့ ပုံစံ ပါပဲ။
ထည့်ဝင်ခဲ့မှုပေါ်မူတည်ခွဲဝေမှုနောက်တစ်မျိုးကတော့ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထည့်ဝင်ခဲ့တယ်၊ အကျိုးပြုခဲ့တယ်ဆိုတဲ့ အတိုင်းအတာကို ကြည့်ပြီး အချိုးကျပြန်ခွဲဝေတဲ့ပုံစံပါ။ မုန့်ဥပမာနဲ့ဆို မုန့်လုပ်တုန်းက များများကူခဲ့တဲ့ ကလေးက များများစားရမယ်ဆိုတဲ့ သဘောပါ။ ဘာမှ ကောင်းကျိုးမပြခဲ့ရင် ဘာမှမရဘူးဆိုတဲ့ သဘော လည်းဖြစ်ပါတယ်။

ထိရောက်မှုအခြေခံခွဲဝေမှု
ဒီတစ်ခါမှာတော့ မုန့်ကိုခွဲဝေရာမှာ အကျိုးဖြစ်ထွန်းမှုအများဆုံး ဒါမှမဟုတ် ပျော်ရွှင်ချမ်းမြေ့မှုအများဆုံး ဖြစ်အောင်ခွဲဝေတာပါပဲ။ မုန့်လိုဆိုရင်တော့ အဲဒီမုန့်ကို အကြိုက်ဆုံးကလေးကို အများဆုံးခွဲပေးတဲ့သဘော မျိုးယူလို့ရနိုင်ပါတယ်။ ခွဲဝေရာမှာ လူအများအတွက် အကျိုးအများဆုံးဖြစ်အောင်ခွဲတာပါ။ အောင်မြင်ဖြစ် ထွန်းနိုင်မယ့် လူ့အဖွဲ့အစည်းကို အကျိုးများများပြုနိုင်မဲ့သူတွေ အခွင့်အရေးပိုရသင့်တယ်ဆိုတဲ့ အယူအဆပါ။ Utilitarianism အခြေခံကနေလာတာပါ။

အရေးပေါ်လိုအပ်ချက်ကို အခြေခံခွဲဝေမှု
လောလောလတ်လတ်အကူအညီလိုနေတဲ့သူတွေ၊ အန္တရာယ်ကြုံနေရတဲ့သူတွေကို ပိုပြီးခွဲဝေပေးတဲ့ သဘော ပါ။ အ‌‌ရေးပေါ်ဖြစ်မှုကို တရားမျှတမှု၊ ထိရောက်မှုတို့ထက်ပိုပြီး ဦးစားပေးတဲ့ သဘောပါ။ အရမ်းဆာလို့ ငိုနေတဲ့ ကလေးက မုန့်အကြီးဆုံးကို ရပါလိမ့်မယ်။


လွတ်လပ်စွာခွဲဝေခွင့်ပေးမှု
ဒီနေရာမှာ နိုင်ငံတော်ကဖြစ်စေ၊ အာဏာတစ်ရပ်ရပ်ကဖြစ်စေ တာဝန်ယူဆုံးဖြတ်ပြီး ခွဲဝေပေးတာမျိုးမဟုတ် ဘဲ လူတိုင်းကသူတို့နဲ့ထိုက်တန်ရာ၊ သူတို့တတ်နိုင်တာကို အချင်းချင်းညှိနှိုင်းပြီးဖြစ်စေ၊ အရောင်းအဝယ်လုပ် ပြီးဖြစ်စေ ခွဲဝေတာမျိုးပါ။ ဒီနေရာမှာ တရားမျှတမှုကို ရလဒ်အနေနဲ့ဖော်ဆောင်တာမဟုတ်ပဲ လုပ်ငန်းစဥ် process အဖြစ်ဖော်ဆောင်တာဖြစ်ပါတယ်။ တကယ်လို့ လူတစ်ယောက်ကဖြစ်စေ၊ တစ်စုကဖြစ်စေ မုန့်ဝိုင်း တစ်ခုလုံးကို ပိုင်တာပဲဖြစ်စေ၊ ဝယ်လိုက်တာပဲဖြစ်စေရသွားတဲ့အခါ သူ့စိတ်ကြိုက်ခွဲဝေစေတာဖြစ်ပါတယ်။ တကယ်လို့ သူက မခွဲဝေချင်ဘူးဆိုလည်း သူ့သ‌ဘောပါပဲ။ ဒီလို လူမှုတရားမျှတမှုရဲ့အရေးပါတဲ့ မျက်နှာစာတစ်ခုဖြစ်တဲ့ ခွဲဝေမှုဆိုင်ရာ တရားမျှတမှုပုံစံအမျိုးမျိုးကို လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်ခုရဲ့ လုပ်ငန်းစဥ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ ဒီမိုကရေစီပုံစံမှာ မတူညီတဲ့ ပါတီတွေ၊ အစိုးရတွေကို ရွေးချယ်ရာမှာလည်း အဲဒီပါတီ၊ အစိုးရက ဘယ်လိုခွဲဝေမှုပုံစံတွေကို ကျင့်သုံးမှာလည်းဆိုတဲ့အပေါ်မှာ မဲပေးသူတွေက စဥ်းစားရွေးချယ်ကြတာဖြစ်ပါတယ်။ ပဋိပက္ခတွေ စစ်ပွဲတွေကလည်း ဒီခွဲဝေမှုပုံစံတွေအပေါ်အငြင်းပွားကြရာကနေဖြစ်ကြတာပါ။ Civic M ပရိတ်သတ်တွေ အနေနဲ့ အခု‌ပြောပြထားတဲ့ ခွဲဝေမှုပုံစံတွေကို မိမိတို့နေ့စဥ်ဘဝအတွေ့အကြုံတွေမှာ ဘယ်နေရာမှာ ဘယ်လိုပုံစံတွေရှိတတ်သလဲဆိုတာ သတိထားပြီး မြင်အောင်ကြည့်တတ်မယ်ဆိုရင် ခွဲဝေမှုဆိုင်ရာ တရားမျှတမှုသဘောကို ပိုပြီးနားလည်သဘောပေါက်လာပါလိမ့်မယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်