ဗဟုဝါဒဆိုတာဘာလဲ?

2 min read | June 29, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော မတူကွဲပြားမှုများကို နားလည်လက်ခံနိုင်ခြင်း (Tolerance) နဲ့ အားလုံးတန်းတူပါဝင်နိုင်‌အောင် ဆောင်ရွက်ပေးခြင်း (Inclusion) တန်ဖိုးများကို ဖော်ဆောင်ပေးသော ဗဟုဝါဒရဲ့ အခြေခံကတော့ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ်တစ်ခုဖြစ်ဖို့ မတူညီတဲ့ အယူအဆတွေ၊ ဖြစ်တည်မှုတွေနဲ့ အကျိုးစီးပွားတွေအားလုံးကို လက်ခံထွေးပွေ့ထားနိုင်ဖို့ လိုတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်အုပ်စု၊ ဘယ်နိုင်ငံရေးအတွေးအခေါ်နဲ့ ဘယ်ခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ အမှန်တရားနဲ့ ကိုယ်စားပြုမှုကို လက်ဝါးကြီးအုပ်မထားနိုင်ဘူးလို့ ယုံကြည်ခြင်းဖြစ်ပါတယ်။ ဗဟုလူ့အဖွဲ့အစည်းထဲမှာ အာဏာဟာ အင်စတီကျူးရှင်းတွေ၊ လူထုအုပ်စုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဖြန့်ခွဲတည်ရှိ နေတတ်တယ်။ ဒါ့ကြောင့် ငြင်းခုံရတာတွေ၊ အပေးအယူ အလျော့အတင်းလုပ်ရတာတွေနဲ့ အားလုံးပါဝင်နိုင်အောင်လုပ်ပေးရတာတွေ အမြဲရှိတယ်။ ဒါတွေဟာ အားနည်းမှုသဘောမဆောင်ဘဲ ကောင်းမွန်စွာလည်ပတ်နေတဲ့ ဒီမိုကရေစီတစ်ခုရဲ့ အနှစ်သာရလို့လည်း ခံယူပါတယ်။

ဒီမိုကရေစီဟာ အများစုဆန္ဒနဲ့ အုပ်ချုပ်တာ သက်သက်မဟုတ်ပဲ၊ စည်းမျဥ်းကျင့်ဝတ်ကို အခြေခံတဲ့ အုပ်ချုပ်မှုပုံစံဖြစ်တယ်လို့ ဗဟုဝါဒက မှတ်ယူပြီး မတူညီတဲ့ အကျိုးစီးပွားအုပ်စုအသီးသီးဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံမူဘောင်အောက်မှာ အတူတကွနေထိုင်ကြတယ်။ ဒါ့ကြောင့် အမြဲလိုလို ညှိနှိုင်းဆောင်ရွက်ရမှုတွေ ရှိတယ်လို့လည်း နားလည်ထားတယ်။ နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ သီးခြားလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်နဲ့ ဥပဒေအောက်မှာ တန်းတူအခွင့်အရေး ရပိုင်ခွင့်တွေဟာ ဗဟုလူ့အဖွဲ့အစည်းရဲ့ အဓိကဒေါက်တိုင်တွေပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်