ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်

2 min read | September 8, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

အများစုအဓိကအမြင် (Majoritarianism) ဆိုတာ လူအများစုဟာ လူအားလုံးအတွက် ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိတယ်ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ အရေအတွက်များတဲ့ လူမှုအုပ်စုရဲ့ စံတန်ဖိုးတွေ၊ သဘောထားအမြင်တွေ၊ ယုံကြည်ချက်တွေ အားလုံးကို စံ အဖြစ် သတ်မှတ်စဉ်းစားတာမျိုးကို လူအများစုအပေါ် စံထားခြင်းလို့ခေါ်ပါတယ်။
အရေအတွက်များတဲ့ လူတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေ၊ စဉ်းစားပုံတွေကသာလျှင် မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ ယူဆတာမျိုးတွေ၊ နိုင်ငံရေးအာဏာကိုလည်း အရေအတွက်များတဲ့ လူမှုအုပ်စုတွေရဲ့ လက်ထဲမှာသာလျှင် အခြေတည်တာမျိုးတွေဟာ လူအများစုအဓိကထားတဲ့ဝါဒပဲဖြစ်ပါတယ်။
ဒီလိုဝါဒတွေရှိတဲ့ယဉ်ကျေးမှုအနေနဲ့ဆိုရင်လည်း လူအများစုရဲ့ ဘာသာစကား၊ ဘာသာရေး၊ သမိုင်း၊ ဓလေ့ထုံးတမ်းတွေဟာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ဘာသာစကားလို့ ယူဆကြပါတယ်။ ဆိုလိုချင်တာကတော့ ငါတို့ရဲ့ ဘာသာစကားက ပိုကျယ်ပြန့်တယ်။ ပိုပြီး ပေါကြွယ်၀တယ်။ ဒါကြောင့်လည်း နိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်ရုံးသုံး ဖြစ်ထိုက်တယ်ဆိုတဲ့ အတွေးမျိုး (Mindset)ကို ခံယူလေ့ရှိကြတာမျိုးပါ။
ဒါတင်မကသေးပါဘူး။ ကျောင်းသင်ရိုးတွေကအစ လူအများစုရဲ့ သမိုင်း၊ စာပေနဲ့ သူရဲကောင်းတွေကိုသာလျှင် သင်ကြားတတ်ကြတာမျိုးပါ။ သတင်းတွေ ဖျော်ဖြေရေးတွေမှာလည်း လူအများစုရှုထောင့်ကို ထင်ဟပ်စေတဲ့ သတင်းတွေ၊ ဖျော်ဖြေမှုမျိုးတွေကိုသာ တွေ့ရပါတယ်။
ဖက်ဒရယ်ဝါဒကလည်း အားလုံးဟာ လူအများစုပါပဲဆိုတဲ့ အယူအဆအပေါ် အခြေခံပါတယ်။ အဓိကအားဖြင့် မတူကွဲပြားမှုတွေကို အပေးအယူလုပ်မယ်။ ညှိယူပြီး အတူတူ ရှင်သန်ကြမယ်။ ဒါပေမဲ့ လူအများစုအပေါ် စံထားတဲ့ဝါဒရဲ့ တွေးခေါ်ပုံကတော့ လွှမ်းမိုးမယ်။ နိုင်သူအကုန်ယူမယ်။ အရာရာတိုင်းအတွက် လူအများစုက စံဖြစ်ရမယ်။ ဒီခံယူပုံနှစ်ခုဟာ အတူတူ ယှဉ်တွဲနေလို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် လူအများစုကို စံအဖြစ်ထားတဲ့ ယဉ်ကျေးမှုပုံစံဟာ ဖက်ဒရယ်ဝါဒနဲ့ ရန်ဘက်ပါပဲ။ ဖက်ဒရယ်လစ်ဇင် (Federalism) ရဲ့ အနှစ်သာရဟာ လူအများစုရဲ့ အာဏာရှင်ဆန်မှုကို ပယ်ဖျက်ခြင်းဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ သူ့ရဲ့ အင်အားကို နေရာအနှံ့အပြားက အစိတ်အပိုင်းအားလုံးကနေယူပြီး တဖြည်းဖြည်း တည်ဆောက်ရမယ်လို့ ယုံကြည်ချက်ရှိတာမျိုးဖြစ်ပါတယ်။ နိုင်သူ အားလုံးယူစတမ်းကြီးစိုးတဲ့ လူအများစံထားတဲ့ နိုင်ငံရေးယဉ်ကျေးမှုမှာတော့ ဖက်ဒရယ်သစ်ပင်က စိုက်ပျိုးရခက်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်