ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)

2 min read | September 11, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

ဖက်ဒရယ်ဝါဒဟာ လက်တွေ့ကျကျ အပေးအယူလုပ်ခြင်း၊ ညှိယူခြင်းအပေါ် အဓိကအခြေခံရပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်သာ အဓိကဆိုတဲ့ “အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်း”ကို အသေဆုပ်ကိုင်မထားရပါဘူး။ နိုင်ငံရေးခေါင်းဆောင်သူတွေဟာ နှစ်ဦးနှစ်ဖက်မျှတတဲ့ အကျိုးအမြတ်အတွက် အလုပ်ဖြစ်မယ့်အရာကို ရွေးချယ်ကြရပါတယ်။ ဖက်ဒရယ်ဝါဒဟာ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက် အောင်ပွဲခံရုံသက်သက် အလုပ်လုပ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုမျိုးမဟုတ်ပါဘူး။
အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်းဆိုတာ တရားသေဆန်တယ်။ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက်ကသာလျှင် မေးခွန်းထုတ်စရာမလို၊ ပြည့်စုံတဲ့အရာအဖြစ် မှတ်ယူကြတာဖြစ်ပါတယ်။
ဖက်ဒရယ်ဝါဒကတော့ ဘယ်သူနဲ့မဆို အတူတကွ ယှဉ်တွဲအလုပ်လုပ်လိုတဲ့ ယဉ်ကျေးမှုကို အခြေခံတယ်။ ငါတို့ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေကို တစ်ပြားသားမှလာမထိနဲ့ဆိုတဲ့ အိုင်ဒီယိုလိုဂျီသန့်စင်ခြင်းနဲ့ လားလားမျှမသက်ဆိုင်ပါဘူး။ အိုင်ဒီယိုလိုဂျီသန့်စင်ခြင်းက အပေးအယူလုပ်ညှိယူပြီး ဘုံအများ ကောင်းကျိုးကိုရှာဖွေဖို့ထက် သူတို့ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေအသာရဖို့ကိုသာလျှင် စိတ်ဝင် စားကြတာမျိုးဖြစ်ပါတယ်။
ရပ်တည်ချက်တွေကို တစ်ပြားသားမှမလျှော့ရေးဆိုတဲ့ တရားသေဝါဒဟာ အကျိုးရလဒ်က ဘာဖြစ်မလဲဆိုတာထက် သူတို့ခံယူချက်တွေ မလျှော့ရေးနဲ့ အသာစီးရရေးသာ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ငါတို့ Vs သူတို့၊ သူနိုင်-ငါရှုံးအမြင်တွေ စိမ့်ဝင်ပျံ့နှံ့နေကြတာမျိုးဖြစ်ပါတယ်။ လူတိုင်း လူတိုင်းကို အသေကိုင်စွဲထားတဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ တိုင်းတာကြတယ်။ ကွဲပြားခြားနားတဲ့ ရှုထောင့်အမြင်တွေ၊ ဆွေးနွေးမှုတွေကို ကောင်းမွန်မှုမရှိတဲ့ ကျန်းမာသန်စွမ်းမှုမရှိတဲ့ အမြင်လို့ယူဆကြပါတယ်။
အိုင်ဒီယိုလိုဂျီ သန့်စင်ခြင်းကတော့ သူတို့နဲ့မတူတဲ့ ရှုထောင့်အမြင်တွေကို လက်မခံပါဘူး။ လက်တွဲ အလုပ်မလုပ်ပါဘူး။ စားပွဲဝိုင်းတစ်ခုတည်း အတူထိုင်လိုက်မိတာကိုက သူတို့ဟာညစ်ထေးသွားပြီလို့ယူဆကြတဲ့ ခံယူချက်အစွန်းရောက်တွေ ဖြစ်ပါတယ်။
မကြာခဏဆိုခဲ့ဖူးသလိုပါပဲ။ ဖက်ဒရယ်ဝါဒဆိုတာ ဗဟုယဉ်ကျေးမှုပေါ်မှာပဲ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ ကွဲပြားခြားနားတဲ့ အုပ်စုတွေနဲ့ စံထားတဲ့ဘုံအကျိုးအမြတ်တွေကို တန်ဖိုးထားကြပါတယ်။ ကိုယ့်နိုင်ငံရေးခံယူချက် အသားစီးရရေးဆိုတဲ့ နိုင်ငံယဉ်ကျေးမှုဟာ ရှုပ်ထွေးပြီး အပြန်အလှန်အကျိုးအမြတ်အတွက် အမြဲညှိယူနေရတဲ့ ဖက်ဒရယ်ဝါဒအတွက် အဆိပ်သင့်ယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုမြေကြီးမှာလဲ ဖက်ဒရယ်ဝါဒ ထွန်းကားပြီး မရှင်သန်နိုင်ပါဘူး။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်