ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

2 min read | August 15, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ဖက်ဒရယ်ဝါဒဆိုတာ လူမျိုးစုအများအပြား ကွဲပြားနေတဲ့ တိုင်းပြည်အတွက်အသင့်လျော်ဆုံးသော နိုင်ငံဖွဲ့စည်းပုံ ဖြစ်တယ်ဆိုတာ ယနေ့ခေတ်မှာ ပိုပိုပြီးနားလည်လာကြပါပြီ။ ဒီတော့ ဖက်ဒရယ်ပြည်ထောင်စုတွေ ဘယ်လိုပေါ်ထွန်းလာသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ယေဘုယျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာပုံနှစ်မျိုးရှိပါတယ်။ တစ်ခုက အတွင်းပေါင်းစည်းမှုဖက်ဒရယ် (Holding Together Federalism)ဖြစ်ပြီး နောက်တစ်ခုကတော့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming Together Federalism) လို့ခေါ်ပါတယ်။

အပြင်ပေါင်းစည်းမှုဖက်ဒရယ်ကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ဆွစ်ဇလန်ကြောင့် အများစု နားလည်ထားပြီးသားဖြစ်ပါတယ်။ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (ဝါ) Coming Together Federalism ဆိုတာ မူလက လွတ်လပ်တဲ့ ပြည်နယ်တွေဖြစ်တယ်။ သူတို့ အချုပ်အခြာနဲ့သူတို့နေကြတယ်။ ပြီးတော့နိုင်ငံအဆင့်လည်ပတ်အလုပ်လုပ်နိုင်ဖို့အတွက် လာရောက်ပေါင်းစည်းကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးကို ခေါ်ပါတယ်။

အတွင်းပေါင်းစည်းမှု ဖက်ဒရယ် ဆိုတာကတော့ ဗဟိုချုပ်ကိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်မူလကတည်းက တည်ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် အဲဒီနိုင်ငံဟာ လူမျိုးစုတွေ၊ မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ အချင်းချင်းကွဲပြားနေကြတယ်။ ပဋိပက္ခတွေဖြစ်တယ်။ မူလဗဟိုချုပ်ကိုင်ထားတဲ့ ပုံစံကိုမနှစ်ခြိုက်ဘူး။ ဒါကြောင့် ဗဟိုကအာဏာကို ကွဲပြားတဲ့လူမျိုးတွေနဲ့ အရပ်ဒေသတွေဆီ အာဏာခွဲဝေဖို့ တောင်းဆိုကြရာကနေ စတင်ပေါ်ပေါက်လာတဲ့ ပုံစံမျိုးပါ။

ဒီဖက်ဒရယ်ဝါဒဖြစ်ပေါ်လာပုံနှစ်ခုကို ယှဉ်ကြည့်လိုက်တာနဲ့ ဘယ်လိုအခြေအနေမျိုးက ဖက်ဒရယ်ဝါဒ ဖြစ်လာအောင် ပိုပြီး ရုန်းကန်ရသလဲဆိုတာ သိသာထင်ရှားပါတယ်။ အတွင်းပြောင်းလဲမှုဖက်ဒရယ်ဆိုတာ နဂိုကတည်းက အာဏာပိုင်စနစ်တစ်ခုကနေ ထိန်းချုပ်ထားမယ်။ အကျိုးအမြတ်ရတဲ့ အုပ်စုတစ်စုက နိုင်ငံတော်အာဏာကို ဗဟိုကနေ ချုပ်ကိုင်နေဖို့သာလျှင် ပိုစိတ်ဝင်စားတယ်။

ဗဟိုက ချုပ်ကိုင်ထားတဲ့အာဏာက သိပ်ကြီးမားနေတဲ့အခါ အာဏာကို‌ ခွဲဝေဖို့ ပြောင်းလဲရတာခက်ပါတယ်။ တစ်ခြားသော လူမျိုးနဲ့အုပ်စုတွေကလည်း ဒါကိုမနှစ်ခြိုက်ဘူး။ ရုန်းကန်မယ် တိုက်ပွဲဝင်မယ်။ ဒါကြောင့် အတွင်းပေါင်းစည်းမှု ဖက်ဒရယ်ဟာ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာတတ်တဲ့ ဖက်ဒရယ်မျိုး မဟုတ်ပါဘူးတဲ့။ ဒါကြောင့် စိတ်ရှည်ရပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ဉာဏ်ပညာ ကြီးကြီးမားမားတွေနဲ့ တဖြည်းဖြည်း ပြောင်းလဲယူမှ ရပါတယ်။ အချိန်မရွေး ပြိုကွဲသွားနိုင်ဖို့လည်း တာဆူနေပါသတဲ့။

(မှတ်ချက် – Civic M ပရိတ်သတ်တွေအနေနဲ့လည်း အတွင်းပေါင်းစည်းမှု၊ အပြင်ပေါင်းစည်းမှု (Holding Together နဲ့ Coming Together Federalism) ကို မူလအများလက်ခံထားတဲ့အသုံး၊ ပိုကောင်းမယ်ထင်တဲ့အသုံးမျိုးရှိရင် အသုံးပြုလို့ရပါတယ်။ အတွင်းပေါင်းစည်းမှု၊ အပြင်ပေါင်းစည်းမှု ဖက်ဒရယ်လို့သုံးရတဲ့ အကြောင်းအရင်းကတော့ အတွင်းလွတ်လပ်မှု၊ အပြင်လွတ်လပ်မှု (Positive Liberty၊ Negative Liberty) စတဲ့အသုံးတွေနဲ့ ချိတ်ဆက်ပြီး သုံးထားခြင်းဖြစ်ကြောင်းအသိပေးပါရစေ။)

ဆက်စပ်ဆောင်းပါးများ

2 mins read

နီပေါနိုင်ငံ၏ ဖက်ဒရယ်ကြိုးပမ်းအားထုတ်မှုနှင့် အခက်အခဲများ

ပိုမိုဖတ်ရှုရန်
2 mins read

မုန့်ဝိုင်းကို ဘယ်လိုခွဲကြသလဲ? အိန္ဒိယနဲ့ အင်ဒိုနီးရှားမှ ဥပမာများ..

ပိုမိုဖတ်ရှုရန်
2 mins read

စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဆိုတာ တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် – အိန္ဒိယနိုင်ငံ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ- သူနိုင်-ငါရှုံး ယဉ်ကျေးမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်