ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

2 min read | November 13, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

လူထုအသံနှင့် ဒေသဆိုင်ရာအသံ-ဖက်ဒရယ်စနစ်တွင် အထက်၊ အောက်လွှတ်တော်နှစ်ရပ်အရေးပါပုံ
ဖက်ဒရယ်စနစ်မှာ ဒေသန္တရယူနစ်တိုင်း၊ ပြည်နယ်တိုင်းက လွှတ်တော်မှာ တန်းတူပြောရေးဆိုခွင့်ရှိဖို့လိုပါတယ်။ ဒါကြောင့်မို့ လွှတ်တော်နှစ်ရပ်နဲ့ ဥပဒေပြုရေးစနစ်ကို ဖက်ဒရယ်တိုင်းပြည်တိုင်းလိုလိုမှာ ကျင့်သုံးကြတာဖြစ်ပါတယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေချမှတ်ရာမှာ လွှတ်တော်တစ်ရပ်က ပြည်သူလူထုအားလုံးကို အချိုးကျကိုယ်စားပြုပြီး နောက်လွှတ်တော်တစ်ရပ်က ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေကို အချိုးကျ ကိုယ်စားပြုလေ့ရှိပါတယ်။
လွှတ်တော်နှစ်ရပ်အလုပ်လုပ်ပုံ
– အောက်လွှတ်တော်ကမဲဆန္ဒရှင်၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ အစုအပေါင်းကို ကိုယ်စားပြုပါတယ်။ (လူများစုလွှတ်တော်လို့လည်းခေါ်နိုင်)
– အထက်လွှတ်တော်က ပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ်တွေကို ဒေသတစ်ခုချင်းစီအနေနဲ့ ကိုယ်စားပြုပါတယ်။ (လူမျိုးစုလွှတ်တော်)
– ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ လူများစု သဘောဆန္ဒကို ထင်ဟပ်ဖို့ရော ဖက်ဒရယ်ယူနစ်တွေကြား ဟန်ချက်ညီမျှတဖို့ကိုရော အရေးကိစ္စနှစ်ခုကို တစ်ပြိုင်နက်ထဲ လွှတ်တော်နှစ်ရပ်ပေါင်းပြီးတော့ ဆောင်ရွက်ပေးပါတယ်။
– ဒီလွှတ်တော်နှစ်ရပ်ကြားမှာ အကြောင်းကိစ္စပေါ်မူတည်ပြီး အခါအားလျော်စွာ ပွတ်တိုက်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒီပွတ်တိုက်မှုတွေဟာ မတော်တဆမဟုတ်ဘဲ ဖြစ်သင့်လို့ဖြစ်ရတာတွေဖြစ်လေ့ရှိပြီး ဒီပွတ်တိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်း၊ ညှိနှိုင်းနိုင်တဲ့ စနစ်တွေ၊ ယန္တရားတွေလည်း ထည့်သွင်းထားလေ့ရှိပါတယ်။
လွှတ်တော်နှစ်ရပ်ကဘာကြောင့်ဖက်ဒရယ်အတွက်အရေးပါ
အထက်မှာပြောခဲ့တဲ့ မတူညီတဲ့အခြေခံ (Constituency) နဲ့ လွှတ်တော်နှစ်ရပ်ဖွဲ့စည်းထားတာတွေ၊ ပွတ်တိုက်မှုတွေဖြစ်တာကို လက်ခံပြီး ညှိနှိုင်းဖြေရှင်းတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စနစ်တွေထည့်သွင်းထားတာတွေဟာ ဖက်ဒရယ်စနစ်တစ်ခု အသက်ဝင်လည်ပတ်စေဖို့အတွက် ဒီမိုကရေစီအင်စတီကျူးရှင်းတွေက ဒီဇိုင်းအရထည့်သွင်းတည်ဆောက်ပေးထားတဲ့ အချက်တွေဖြစ်ပါတယ်။ လူများစုလွှတ်တော်၊ အောက်လွှတ်တော်က လူများစုကြိုက်တဲ့ ပေါ်လစီတွေ ဥပဒေတွေကို တင်သွင်းလေ့ရှိပြီး အာဏာရပါတီ၊ ဒါမှမဟုတ် ပေါ်ပြူလာပါတီတွေက လွှမ်းမိုးခြယ်လှယ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကို ထိန်းညှိဖို့အတွက် အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) ကို ဖွဲ့စည်းထားတာဖြစ်ပြီး လူများကြိုက်မူဝါဒတွေနဲ့ ပြည်နယ်တွေကြားမှာမျှတဖို့၊ အခွင့်အလမ်းနိမ့်သူတွေပါဝင်ခွင့်ရစေဖို့၊ လူနည်းစုကို ကာကွယ်ဖို့စတာတွေကိုဆောင်ရွက်လေ့ရှိတယ်။ ပြောရရင် လူများစုတွန်းအားနောက်ကို အဆုံးထိပါမသွားရလေအောင် ဘရိတ်အုပ်ပေးထားတာဖြစ်ပြီး ဒီဘရိတ်က ဖက်ဒရယ်စနစ်အတွက် အလွန်အရေးပါပါတယ်။ (လွှတ်တော်နှစ်ရပ်ကြားက ပွတ်တိုက်မှုတွေကို ဒီမိုကရေစီနည်းကျ ဘယ်လိုစီမံဆောင်ရွက်ကြသလဲ၊ ဘယ်လိုယန္တရားတွေ၊ အင်စတီ ကျူးရှင်းတွေရှိသလဲဆိုတာ သီးခြားဆွေးနွေးသွားပါမယ်။)
အထူးသဖြင့် လူမျိုးစုလွှတ်တော်၊ အထက်လွှတ်တော် (မြန်မာနိုင်ငံမှာ အမျိုးသားလွှတ်တော်)တွေရဲ့ အခန်းကဏ္ဍက ဖက်ဒရယ်စနစ်မှာ သိပ်ကိုအရေးကြီးပြီး စွမ်းဆောင်မှုကောင်းတဲ့ အထက်လွှတ်တော်ရှိပါက ဖက်ဒရယ်ယူနစ်တွေအချင်းချင်းကြားက ပွတ်တိုက်မှုကို စီမံထိန်းသိမ်းပေးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုကောင်းလာအောင် ပံ့ပိုးပေးနိုင်တဲ့ ဥပမာတွေရှိပါတယ်။
မြန်မာနိုင်ငံအတွက်သင်ခန်းစာ
မြန်မာနိုင်ငံမှာ လူဦးရေ သို့မဟုတ် မြို့နယ်တွေကို အခြေပြုတဲ့မဲဆန္ဒနယ်တွေကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် (လက်ရှိတွင်မြို့နယ်များကိုသာအခြေပြုထား)နဲ့ ဖက်ဒရယ်ယူနစ်တွေ (ပြည်နယ်၊ တိုင်းဒေသကြီးတွေ) က ကြီးသည်ငယ်သည်မခွဲဘဲ ကိုယ်စားလှယ်ညီတူမျှတူ (၁၂ နေရာစီ)ထည့်ဝင်ရတဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဥပဒေပြုရေးနဲ့ ဖက်ဒရယ်စနစ်ကို ထိန်းညှိပေးရေးလုပ်ငန်းစဥ်တွေလုပ်ဆောင်ရာမှာ အတွေ့အကြုံနည်းသေးပြီး အာဏာရပါတီနဲ့ အစိုးရတွေက ဗဟိုကနေချုပ်ကိုင်မှုကြီးမားခဲ့တဲ့ အတွေ့အကြုံတွေလည်းရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လူများစုနဲ့လူမျိုးစု၊ ဖက်ဒရယ်ယူနစ်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ လွှတ်တော်နှစ်ရပ်ကနေ ဟန်ချက်ညီညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ထိန်းညှိဖော်ဆောင်ပေးနိုင်ဖို့ အနာဂတ်မှာ ဆက်လက်ကြိုးပမ်းသွားရဖို့ရှိပါတယ်။
Civic M ပရိတ်သတ်တွေအတွက် လာမယ့် post အသစ်တွေမှာ ဒီလိုမျိုး ဖက်ဒရယ်စနစ်အတွက် မရှိမဖြစ်အရေးပါတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေအကြောင်းကို တစ်ခုချင်း ဆက်လက်မိတ်ဆက်တင်ပြသွားမှာဖြစ်ပြီး ပရိတ်သတ်တွေ သိလို၊ ဆွေးနွေးလိုတဲ့ အင်စတီကျူးရှင်းအမျိုးအစားတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်