နေရောင်ခြည်သည် ရောဂါပိုးမွှားများကို သေစေနိုင်၏

2 min read | July 24, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိမ်နီးချင်းအာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားမှာ 1MDB ရန်ပုံငွေ အရှုပ်တော်ပုံကြီး အုတ်အော်သောင်းနင်းဖြစ်ခဲ့တာ အချို့လည်း မှတ်မိကြမယ်ထင်ပါတယ်။ အရင်ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ရဲ့လက်ထက်မှာ နိုင်ငံတော်ရန်ပုံငွေကနေပြီးတော့ ဘီလျံနဲ့ချီပြီး ခိုးယူခံခဲ့ရတဲ့ ကိစ္စကြီး ဖြစ်ခဲ့ပါတယ်။ ဒီအလွဲသုံးစားမှုကြီးကို နှစ်ပေါင်းများစွာ ဖုံးဖိထားရာကနေစပြီး အမှန်တရားကို စွန့်စားဖော်ထုတ်သူအတွင်းသတင်းပေး (whistleblower) တွေနဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းသမားတွေကြောင့် ဒီကိစ္စကြီးဟာ ဘူးပေါ်သလိုပေါ်လာခဲ့ပါတယ်။ လူထုဖိအားပေးမှုကြောင့် ဖမ်းဆီးမှုတွေ၊ စုံစမ်းစစ်ဆေးအရေးယူမှုတွေ တစ်သီတစ်တန်းကြီးပေါ်ပေါက်လာပြီး ၂၀၁၈ မှာ အစိုးရအပြောင်းအလဲအထိဖြစ်သွားပါတယ်။ နာဂျစ်ရာဇတ်ဟာလည်း အဂတိမှုနဲ့ ထောင်ကျတဲ့ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။

ဒါကိုကြည့်ရင် ပွင့်လင်းမြင်သာမှုရဲ့ခွန်အားက ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်။ သာမန်နိုင်ငံသားတွေက ဆုံးဖြတ်ချက်တွေကို ဘယ်လိုချတယ်၊ ရန်ပုံငွေတွေကို ဘယ်လိုသုံးတယ်၊ ဘယ်သူတွေ ဒီကနေ အကျိုးရတယ်ဆိုတာ ရှင်းလင်းစွာမြင်တွေ့နေရရင် အဲဒီနိုင်ငံမှာ ယုံကြည်မှုတန်ဖိုးတွေမြင့်တက်လာပြီး အဂတိမှုတွေလည်း တဖြည်းဖြည်းလျော့ပါးသွားမှာဖြစ်တယ်။ နိုင်ငံရေးအတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဂျယ်ရမီဘင်သမ်ပြောတာ မှတ်သားဖို့ကောင်းလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူက မြင်သာထင်သာဖြစ်လေ အပြုအမူတွေအလိုလိုကောင်းလာလေပဲတဲ့။ “ကျွန်တော်တို့ကို ပိုမိုတင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရလေ၊ ကျွန်တော်တို့ရဲ့ အကျင့်တွေပိုကောင်းလာလေပဲ” တဲ့။

မြန်မာနိုင်ငံမှာ ပွင့်လင်းမှုမရှိဘဲ လျှို့ဝှက်ဆောင်ရွက်ကြတဲ့ အလေ့အထကြောင့် လူတွေဟာ နှစ်ပေါင်းများစွာ အမှောင်ထဲနေခဲ့ကြရတယ်။ ခေါင်းဆောင်တွေက အခန်းတံခါးပိတ်ပြီး ဆုံးဖြတ်ချက်တွေကို ချကြတဲ့အခါ ကောလာဟလတွေနဲ့ တရားမမျှတမှုတွေပဲ ပြန့်ပွားတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါကို ဘယ်လိုပြောင်းလဲအောင် ကြိုးစားကြမလဲ။ အစိုးရနဲ့ အများပြည်သူဆိုင်ရာ အချက်အလက်တွေကို လူထုလက်လှမ်းမီအောင် လုပ်ပေးနိုင်မှုနဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းသမားတွေရှိနေခြင်းက အိမ်နီးချင်းမလေးရှားမှာ အာဏာကို လူထုဘက်သို့ ပြန်ရောက်‌အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

ပွင့်လင်းမြင်သာမှုဆိုတာ အစိုးရရဲ့ ကိစ္စပဲမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ အခြေခံနိုင်ငံသားအခွင့်အရေးလည်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုကို အလွှာအသီးသီးမှာ အားကောင်းလာအောင် အခုအခြေအနေမှာ ဘာတွေ လုပ်လို့ရမလဲ၊ ဘာတွေကို ကြိုပြင်ထားသင့်သလဲဆိုတာတွေကိုလည်း စဉ်းစားထားဖို့လိုပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်