
ဒီနေ့မှာတော့ “နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens” ဆိုတဲ့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး Civic M ကနေ မျှဝေထားသမျှ ဆောင်းပါးစုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုပါတယ်။
ဒီစုစည်းမှုလေးထဲမှာတော့ ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားတွေ၊ ဖက်ဒရယ်ဝါဒရဲ့ မူလအရင်းအမြစ်ပုံစံနှစ်မျိုး၊ ဖက်ဒရယ်စနစ်နဲ့ အခြားသံတူကြောင်းကွဲနိုင်ငံရေးစနစ်တွေအကြောင်းနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံအချို့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။
“နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ်” ဆောင်းပါးစုစည်းမှုစာအုပ်ကို အောက်ပါလင့်ခ်မှတစ်ဆင့် ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ Civic M ပရိတ်သတ်တွေအနေနဲ့ အခုမျှဝေပေးတဲ့ “နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ်” ဆောင်းပါးစုစည်းမှုစာအုပ်လေးနဲ့ပတ်သက်ပြီး သိလို၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။