တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

2 min read | July 28, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

ကမ္ဘာတစ်လွှားက နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေမှာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းရင်း ထင်ကျန်ရစ်ခဲ့တဲ့ သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုကုစားကြပါသလဲ။ အကောင်းဆုံးဆေးကတော့ အတိတ်ကအမှားတွေကို အရှိကိုအရှိအတိုင်း လက်ခံအသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီကတစ်ဆင့် အမှားကိုသင်ခန်းစာယူပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ရှေ့ကိုဆက်ကြပါတယ်။ အမှားအပေါ်မှာ ဒဏ်ခတ်၊ ကလဲ့စားချေဖို့က အဓိကမဟုတ်ပါ။ ခေတ်ပြိုင်ဥပမာကောင်းတစ်ခုကတောာ့ တောင်အာဖရိကနိုင်ငံက အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဖြစ်ပါတယ်။ အဲဒီမှာ အသားအရောင်ခွဲခြားမှု Apartheid ခေတ်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေကရော အကျူးလွန်ခံရသူ‌တွေကပါ အဖြစ်မှန်ကို ပြန်လည်ဖော်ထုတ်ပြီး တာဝန်ခံမှုကို ဖော်ဆောင်စေပါတယ်။ ဒါပေမယ့် လက်စားချေ အပြစ်ပေးဖို့မပါဝင်ပါဘူး။

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ နေ့စဥ်ဘဝမှာလည်း အလားတူပါပဲ။ မိမိတို့အမှားလုပ်တဲ့အခါမှာ လူတွေဟာ ကိုယ့်အမှားကို အသိအမှတ်ပြုပြီး ပြန်လည်ပြင်ဆင်ကြရပါတယ်။ အထူးသဖြင့် အာဏာရှိသူတွေ၊ တာဝန်ခံရသူတွေက သူတို့မှားခဲ့တဲ့အမှားတွေ၊ ကျူးလွန်ခဲ့တဲ့အပြစ်တွေနဲ့ပတ်သက်ရင် တာဝန်ခံယူပေးကြရပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင် ဂျွန်လော့ခ်က “လူတွေက အုပ်ချုပ်သူတွေကို အခွင့်အာဏာအပ်နှင်းရာမှာ ဒီအာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အမြော်အမြင်ရှိရှိ၊ မျှမျှတတသုံးစွဲလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး အပ်နှင်းတာဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။ အမှားလုပ်မိတဲ့အခါ အုပ်ချုပ်သူတွေ၊ ခေါင်းဆောင်တွေက ဒါကို အမှန်အတိုင်းဝန်ခံပြီး အမှားပြင်ဆင်ဖို့ကို တာဝန်ခံပြီး ဆောင်ရွက်ကြရပါတယ်။ ဒါဟာ လုပ်ငန်းခွင်မှာ၊ အိမ်မှာ၊ ကျောင်းမှာ တာဝန်ခံရသလိုပါပဲ။ နိုင်ငံရေးခေါင်းဆောင်တွေမှာတော့ တာဝန်ခံယူမှုဆိုတာ ဝန်ချတောင်းပန်တာ၊ နိုင်ငံခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်တာတွေပါ ပါဝင်နိုင်ပါတယ်။ လောလောလတ်လတ်ပဲ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ပေထုံတန်က သူ့အမှားအတွက် လူထုကို ဝန်ချတောင်းပန်တာ သတိထားမိကြမယ်ထင်ပါတယ်။ သူဝန်ချတောင်းပန်တဲ့အချိန်မှာ စစ်တပ်နဲ့ ရဲအဖွဲ့အကြီးအကဲတွေလည်း သူ့ဘေးနားမှာရှိနေတာ သတိထားမိကြပါတယ်။

မြန်မာပြည်သူလူထုဟာလည်း မျှတပြီးအမြော်အမြင်ရှိရှိ အုပ်ချုပ်ခံရတဲ့ တိုင်းပြည်တစ်ပြည်အဖြစ်ကို အမြဲပဲ အလိုရှိခဲ့ကြတယ်။ လူပုဂ္ဂိုလ်ကြောင့်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကြောင့်ပဲဖြစ်ဖြစ် အမှားကျူးလွန်တဲ့အခါ ဒီအမှားကနေ ကျော်လွန်နိုင်ဖို့ သမိုင်းမှာ နောက်ထပ် ထပ်ခါထပ်ခါ မမှားမိစေဖို့ တာဝန်ခံယူမှုရှိဖို့ လိုအပ်ပါတယ်။ ဒီတာဝန်ခံယူမှုကပဲ ဒဏ်ရာဒဏ်ချက်တွေကြီးမားတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ယုံကြည်မှု ပြန်လည်‌ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။

အမှားဝန်ခံမှု၊ တာဝန်ခံမှုနဲ့ အမှားကို အားလုံး (လူ့အဖွဲ့အစည်းတစ်ခုလုံး) အနေနဲ့ သင်ခန်းစာယူမှုတွေကို မိမိတို့ရဲ့ နေ့စဥ်ဘဝမှာလည်း စတင်ဖော်ဆောင်နိုင်ပါတယ်။ ဒီအလေ့အထကောင်းတွေကို အလွှာအသီးသီးမှာ အားကောင်းလာအောင်၊ ယုံကြည်မှု ပြန်လည် တည်ဆောက်လာနိုင်‌အောင် အခုအခြေအနေမှာ ဘာတွေလုပ်လို့ရမလဲ၊ ဘာတွေကို ကြိုပြင်ထားသင့်သလဲဆိုတာတွေကို အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်