တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

2 min read | August 5, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?
‌ကျောင်းသားနှစ်ယောက်ဟာ အပြိုင်အဆိုင်လျှောက်ရတဲ့ ပညာသင်ဆုတစ်ခုကို ပြိုင်တူလျှောက်ထားကြတယ် ဆိုပါစို့။ တစ်ယောက်က စစ်မက်ပဋိပက္ခတွေထူပြောတဲ့နေရာက ကျောင်းသား၊ ‌ကျောင်းကိုရောက်ဖို့ နှစ်နာရီလောက် လမ်းလျှောက်ရပြီး ကျောင်းကလည်း ယာယီတဲသာသာ ရန်ပုံငွေ၊ အရင်းအမြစ်၊ သင်ထောက်ကူ၊ ဆရာဆရာမ ဘာဆိုဘာမှ အလုံအလောက်မရှိ။ နောက်တစ်ယောက်က မြို့ကြီးသား၊ အကောင်းဆုံးကျောင်းမှာတက်ပြီး အထောက်အပံ့အပြည့်အစုံနဲ့ အေးအေးဆေးဆေး စာကိုအာရုံစိုက်လုပ်ရုံပဲ။ သူတို့က စာမေးပွဲကြီးမှာလည်း အမှတ်တူတူရကြတယ်ဆိုပါတော့။ ရုတ်တရက်ကြည့်ရင်တော့ အဖြေကရှင်းပါတယ်၊ သူတို့နှစ်ယောက်ကို အတူတူထားပြီး စဥ်းစားရမှာပေါ့၊ အမှတ်ကလည်း တူနေတာကိုး။ ဒါက တန်းတူညီမျှမှု (Equality) ပဲမဟုတ်ပါလား။
ဒါပေမယ့် လက်တွေ့ကမ္ဘာမှာတော့ စမှတ်အခြေအနေချင်းမတူတဲ့ လူနှစ်ယောက်ကို အခွင့်အရေးအတူတူပဲပေးလို့ရှိရင် အဆုံးသတ်ရလဒ်က မညီမမျှဖြစ်စေပါတယ်။ ဒါဟာ တန်းတူညီမျှမှုရဲ့ အဓိက အမေးပုစ္ဆာဖြစ်လို့နေပါတယ်။ ဒီနေရာမှာ နှိုင်းယှဥ်စဥ်းစားဖို့က သာတူညီမျှမှု (Equity) ဆိုတဲ့ အယူအဆပဲ ဖြစ်တယ်။ လူတစ်ဦးချင်းစီကို သူတို့ရဲ့ နောက်ခံအကြောင်းတွေကို ထည့်သွင်းစဥ်းစားပြီးမှ တရားမျှတမှုရှိအောင် ကူညီပံ့ပိုးပေးတာမျိုးကို ဆိုပါတယ်။ နွားထီးတစ်ကျပ် နွားမတစ်ကျပ်မဟုတ်တော့ဘူးပေါ့။
ဒီမိုကရေစီစနစ်အခြေမခိုင်သေးတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ တန်းတူညီမျှမှုကိုရော သာတူညီမျှမှုကိုပါ လက်တွေ့ဖော်ဆောင်ရတာ အများကြီးခက်ခဲနေမှာပါ။ အင်စတီကျူးရှင်းတွေက ဘက်လိုက်တာ၊ နေရာဒေသ၊ လူမျိုး၊ လူတန်းစားစသည်ဖြင့် ကွဲပြားရင် အခွင့်အလမ်းတွေ မတူညီတော့တာတွေ ဖြစ်တတ်ပါတယ်။ အခြေခံအယူအဆတွေဖြစ်တဲ့ လူတိုင်းမှာ တန်းတူညီမျှတဲ့ အခွင့်အရေးရှိရမယ်ဆိုတဲ့အချက်တောင်မှ အနှစ်မပါ စကားလုံးသက်သက်ဖြစ်နေတတ်တယ်။ တစ်ချို့တွေရဲ့ အသံကပိုကျယ်နေပြီး ကျန်အသံတွေအားလုံး နှုတ်ပိတ်ခံထားရမယ်၊ တော်လို့၊ ထိုက်လို့ရတာမဟုတ်ဘဲ ခေတ်စနစ်ကြီးက အခွင့်ထူးပေးလို့ရတာမျိုးတွေ အများကြီးတွေ့ရမယ်။
အာဏာရှင်တွေအောက်မှာ တန်းတူညီမျှမှုဆိုတာ စကားလုံးသက်သက်ပဲဖြစ်လေ့ရှိတယ်။ အားလုံးတန်းတူပဲလို့ ပါးစပ်ကအော်နေပေမယ့် လက်တွေ့မှာ အုပ်စုတစ်စုစုက ထိန်းချုပ်ဖို့ ကြိုးစားတာကို တွေ့ရမယ်။ ဥပဒေက အားလုံးတန်းတူပဲဆိုသော်ငြားလည်း သာတူညီမျှမှုကိုတော့ လူတိုင်းလက်လှမ်းမီမှာ မဟုတ်ဘူး။ လူတိုင်းက နိုင်ငံသားတွေပဲ၊ ဒါပေမယ့် အခွင့်အရေးကတော့ မတူဘူး။
ဒီလိုအခြေအနေတွေအောက်မှာ လူတစ်ဦးချင်း၊ တစ်စုချင်းစီရဲ့ မတူညီတဲ့နောက်ခံအခြေအနေတွေကို ထည့်သွင်းမစဥ်းစားဘဲ အခွင့်အရေးအားလုံးအတူတူပဲ ရစေရမယ်ဆိုရင် အစမှာဖော်ပြခဲ့တဲ့ ဥပမာလိုပဲ သာတူညီမျှမှုမရှိတဲ့ ရလဒ်တွေကို ပိုပြီးကြီးမား သွားစေပါလိမ့်မယ်။သာတူညီမျှမှုကို အမှန်တကယ်လိုချင်ရင်တော့ မတူညီတဲ့နောက်ခံဘဝတွေ၊ အကြောင်းတရားတွေကို မြင်အောင်ကြည့်ပြီး မျှတအောင်ဆောင်ရွက်ပေးရမှာပါ။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်