တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

2 min read | August 7, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

နိုင်ငံတစ်ခုမှာ အမျိုးသားပညာရေးပေါ်လစီအသစ်အရ စာသင်ကျောင်းတွေရဲ့သင်ရိုးညွှန်းတန်းတွေကအစ လမ်းအမည်နဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေအထိ နိုင်ငံသုံးဘာသာစကားနဲ့ သက်ဆိုင်ရာလူနည်းစု ဘာသာစကားနှစ်မျိုးလုံးကို ယှဥ်တွဲသုံးရမယ်လို့ ပြဌာန်းလိုက်တယ်။ ဒီပေါ်လစီမပြဋ္ဌာန်းခင်ကတည်းက အကြီးအကျယ်ငြင်းခုံခဲ့ကြရပြီး ပြဌာန်းပြီးတဲ့အခါ အငြင်းအခုံက ပိုလို့ပြင်းထန်လာတယ်။ တစ်ချို့က ဒါဟာ ဖြစ်သင့်တာကြာပြီ နောက်တောင်ကျနေပြီလို့ဆိုကြတယ်။ တစ်ချို့ကကျတော့ ဒါဟာ အချင်းချင်းကွဲပြားစေပြီး နိုင်ငံချစ်စိတ်ကိုပါထိခိုက်စေမယ်လို့ ဆိုကြပြန်တယ်။

ဒါဟာ တန်းတူညီမျှမှုရဲ့ ဝိရောဓိပါပဲ။ တန်းတူညီမျှမှုကို စကားလုံးအဖြစ်ထားရာကနေ တကယ်လက်တွေ့ အပြောင်းအလဲတွေဖြစ်ဖို့ ‌ဖော်ဆောင်ပြီဆိုတာနဲ့ ပြဿနာစတက်တော့တာပါပဲ။ တန်းတူညီမျှမှုနဲ့ သာတူညီမျှမှုကို တကယ်ရှာပြီဆိုရင် အာဏာရှိသူတွေ၊ အရင်က အဆင်ပြေခဲ့တဲ့ဟာတွေ၊ အရင်လိုထိန်းချုပ်မှုကို လက်မလွှတ်လိုသူတွေနဲ့ ပြဿနာစတက်တော့တာပါပဲ။

အသွင်ကူးပြောင်းဆဲတိုင်းပြည်တွေ၊ ဒီမိုကရေစီမရင့်ကျက်သေးတဲ့တိုင်းပြည်တွေမှာ ဒီလိုပွတ်တိုက်မှုတွေက ပိုပြီးပြင်းထန်လေ့ရှိပါတယ်။ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြည်နယ်၊ ဒေသတွေကို တန်းတူညီတူခွဲဝေမှာလား၊ ဒါမှမဟုတ် ဖွံ့ဖြိးမှုနောက်ကျတဲ့ဒေသတွေကို ဦးစားပေးမှာလား။ အစဥ်အလာ ပြဌာန်းချက်တွေကို ဆန့်ကျင်ပြီး အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပိုမိုပါဝင်လို့ရအောင်ဆောင်ရွက်ပေးမလား၊ တိုင်းရင်းသား၊ လူနည်းစုတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်တွေပေးကြမလား၊ ဒီလိုကိစ္စတွေအားလုံးမှာ အစဥ်အလာ ပြဌာန်းချက်တွေနဲ့ လက်ရှိလွှမ်းမိုးကြီးစိုးထားတဲ့ အုပ်စုတွေနဲ့ ပဋိပက္ခတွေမလွဲမသွေဖြစ်လာမှာ အမှန်ပါပဲ။

စစ်မှန်တဲ့ တန်းတူညီမျှမှု၊ တရားမျှတမှုကိုရှာဖွေပြီဆိုရင် အမှန်တရားကို မဖော်ထုတ်လို့မရပါဘူး။ ဒီနေရာမှာ အရင်းအမြစ်တွေကို ပြန်လည်ခွဲဝေပေးတာ၊ နှုန်းစံတန်ဖိုးတွေကို ပြန်လည်ပြင်ဆင်ရတာ၊ နိုင်ငံတော်ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သူက ပြဌာန်းမှာလည်းဆိုတာကို ပြန်လည်စောကျောတာတွေ မဖြစ်မနေလုပ်ရပါတယ်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတွေအားလုံးမှာ လက်ရှိရှိနေတဲ့ စနစ်တွေ၊ ဖွဲ့စည်းပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဒီစနစ်တွေက လက်ရှိရှိနေတဲ့ တရားမမျှတမှုတွေကိုဖြစ်စေတဲ့ နောက်ခံအကြောင်း တွေလည်း ဖြစ်နေတာကိုး။

မြန်မာနိုင်ငံမှာလည်း တန်းတူညီမျှမှု၊ သာတူညီမျှမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ၊ ပွတ်တိုက်မှုတွေမှာ အဓိကကျတဲ့ ကိစ္စကြီးတွေက တန်းတူ/ကိုယ်ပိုင်ပြဌာန်းခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ လူနည်းစုဘာသာစကား အသိအမှတ်ပြုမှု၊ ငြိမ်းချမ်းရေးဖြစ်စဥ်မှာပါဝင်ခွင့်စတဲ့ ကိစ္စရပ်ကြီးတွေဖြစ်ပါတယ်။ လက်ရှိအာဏာရှင်စနစ်ကို မထိခိုက်မခြိမ်းခြောက်သရွေ့ တန်းတူညီမျှမှုဖော်ဆောင်တာကို လက်ခံလေ့ရှိကြ ပါတယ်။ ဒါပေမယ့် လူ့အဖွဲ့ အစည်းထဲမှာ အကျိုးအမြတ်တွေ အခွင့်အရေးတွေကို ပြန်လည်ခွဲဝေဖို့ ဖြစ်လာတိုင်း တန်ပြန်ဆန့်ကျင်မှုတွေ အပြင်းအထန်ကြုံရမှာ အမှန်ပါပဲ။

Civic M ပရိတ်သတ်ကြီးတွေအနေနဲ့ မိမိကိုယ်တိုင်ကိုလည်း မေးခွန်းပြန်ထုတ်လို့ရပါတယ်။ ငါတို့ဘယ်လို အခွင့်ထူးတွေရထားလဲ၊ အဲဒီအခွင့်ထူးတစ်ချို့ကို လက်လွှတ်လိုက်မယ်ဆိုရင် အရင်က ကိုယ့်လိုအခွင့်ထူးမရသူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရလာမလဲ၊ တွေးကြည့်နိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဘယ်လိုအုပ်စုတွေက ဘယ်လိုအခွင့်အရေးတွေရပြီး ဘယ်အုပ်စုတွေက နောက်တန်းကျကျန်ခဲ့လဲဆိုတာ ဆက်တွေးကြည့်လို့ရပါတယ်။ တန်းတူညီမျှမှုဆိုတာ အခွင့်အရေးတွေပေးတာသက်သက်မဟုတ်ပါဘူး၊ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်တာဖြစ်ပြီး အဲဒီလိုလုပ်တာ ခက်ခဲလေ့ရှိပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်