အပေးအယူလုပ်ညှိနှိုင်းခြင်း၏ အခြေခံအတွေးအခေါ်

2 min read | October 11, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

ဘယ်လို ဒီမိုကရေစီပုံစံမျိုးမှာမဆို မတူညီတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေနဲ့ အကျိုးအမြတ်အုပ်စုတွေရှိကြပါတယ်။ အဲဒီလိုအုပ်စုတိုင်း အုပ်စုတိုင်းက တစ်ခုနဲ့တစ်ခု အပေးအယူလုပ်ညှိနှိုင်းတာမျိုးမရှိဘဲ၊ ကိုယ့်လှေကိုယ်ထိုးနေမယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ ပဋိပက္ခတွေကြားထဲမှာသာလျှင် ပိတ်မိနေပါလိမ့်မယ်။
အပေးအယူလုပ်ညှိနှိုင်းခြင်းဆိုတာ အုပ်စုတစ်စု၊ ဘက်တစ်ဘက်တည်းက အရာရာအားလုံးကို ထိန်းချုပ်မထားရေးဘဲ ဖြစ်ပါတယ်။ အပေးအယူလုပ်ညှိနှိုင်းခြင်းသာမရှိရင် အုပ်စုတစ်စုတည်းက လွှမ်းမိုးသွားပြီး ပဋိပက္ခသံသရာဆီ ဦးတည်သွားမှာပဲ ဖြစ်ပါတယ်။
အပေးအယူလုပ်ခြင်းဆိုတာ မတူညီတဲ့အကျိုးအမြတ်တွေ၊ တန်ဖိုးတွေ ဒါမှမဟုတ် တောင်းဆိုမှုတွေကြားထဲမှာ အလယ်အလတ်လမ်းတစ်ခု ရှာဖွေကြတာမျိုးပါ။ ကိုယ့်ရဲ့ ဒီမိုကရေစီမူဘောင်(Principles)တွေကို လုံးဝစွန့်လွှတ်ပစ်လိုက်တာ မျိုးမဟုတ်ပါဘူး။ မတူညီတဲ့အကျိုးအမြတ်အုပ်စုတွေအတွက် ရှေ့ကိုဆက်လျှောက်နိုင်ဖို့ရာအတွက် ညှိယူရခြင်းတစ်မျိုးပဲဖြစ်ပါတယ်။
အပေးအယူလုပ်ခြင်း (Compromise)ရဲ့ အခြေခံမှာ အသိပညာအရနှိမ့်ချမှု ဆိုတာမျိုးရှိပြီး ဘယ်လို လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘယ်လိုအုပ်စုကမှ အမှန်တရားတစ်ခုလုံးကို မောင်ပိုင်စိုးထားနိုင်တာမျိုး မရှိပါဘူး။ အုပ်စုတစ်စုတည်းက အကုန်လုံးမှန်နေတာမျိုး မရှိဘူးလို့ ယုံကြည်လက်ခံကြတာဖြစ်ပြီး အခြားသူတွေရဲ့ ဂုဏ်သိက္ခာတန်ဖိုးထားပြီး လေးစားကြတယ်။ အခြေခံကျတဲ့ ဘုံအကျိုးအမြတ်ရအောင် အပေးအယူလုပ်ပေးကြတာမျိုးဖြစ်ပြီး ကိုယ်ပဲအမှန်၊ ကိုယ်ပဲအားလုံးယူ ဆိုတာမျိုးမရှိတာဘဲဖြစ်ပါတယ်။
အပေးအယူလုပ်ခြင်းနဲ့ ဆန့်ကျင်ဘက်အနေနဲ့ကတော့ ငါတို့ပဲအမှန်ဆိုတဲ့ စိတ်နေစိတ်ထား၊ နိုင်သူအကုန်ယူဆိုတဲ့ စိတ်နေစိတ်ထားမျိုးပဲဖြစ်ပါတယ်။ ဒီလိုစိတ်ထားမျိုးဟာ နိုင်ငံရေးကို ပဋိပက္ခအသွင်ဆောင်စေနိုင်ပြီး ရှေ့ဆက်တိုးမရဘဲ ပိတ်သွားတတ်တာမျိုးပဲဖြစ်ပါတယ်။ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရင်း ပဋိပက္ခစစ်ပွဲဆီ ဦးတည်သွားကြသလို ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းကို အောက်ခြေကလှိုက်စားပစ်တာမျိုးပဲဖြစ်ပါတယ်။
ဂျွန်လော့ခ်၊ ဂျွန်စတူးအပ်မီးလ်စတဲ့ ဒဿနပညာရှင်တွေကအစ အပေးအယူလုပ်ညှိနှိုင်းခြင်းဆိုတာ ဒီမိုကရေစီရဲ့ ဝိညာဉ်တစ်ခုဖြစ်တဲ့ ဗဟုဝါဒ အပေါ် လေးစားတန်ဖိုးထားတယ်လို့ မြင်ကြပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဆိုတာကို အာဏာရှင်စနစ်လို တစ်ခုတည်းသော အမှန်တရားစနစ်အပေါ် အခြေခံပြီး အလုပ်လုပ်နေတာမဟုတ်ဘူးဆိုတာကို ထင်ဟပ်နိုင်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။
Civic M ပရိတ်သတ်တွေအနေနဲ့လည်း အပေးအယူလုပ်ညှိနှိုင်းခြင်း၏ အခြေခံအတွေးအခေါ် နဲ့ပတ်သက်ပြီး မိမိတို့အတွေးအမြင်တွေကို မျှဝေပေးဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ရပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်