ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?

2 min read | September 1, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတစ်ခုဟာ ဘယ်အတိုင်းအတာအထိ အာဏာနဲ့ အရင်းအမြစ်တွေကို ခွဲဝေပေးသလဲ ဆိုတဲ့ ဖက်ဒရယ်စနစ်ရဲ့ အနုအရင့်၊ အတိမ်အနက်ကို တိုင်းတာနိုင်မယ့်နည်းလမ်းတွေကို အကျဥ်း ဆွေးနွေးသွားပါမယ်။
နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်စံနှုန်းများ (Political Parameters)
အချုပ်အခြာအာဏာ – အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဘယ်သူကနောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သလဲ၊ ဗဟိုအစိုးရကလား၊ ပြည်နယ်တွေကလား၊ စုပေါင်းဆုံးဖြတ်ကြသလား။
ဖွဲ့စည်းပုံအရအာမခံချက် – ဖက်ဒရယ်ယူနစ်တွေရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျ ပြဋ္ဌာန်းသတ်မှတ်ပေးထားသလား၊ ဒါမှမဟုတ် ဗဟိုအစိုးရက စိတ်ကူးတည့်သလို ခွဲဝေပေးတာမျိုးလား၊ (ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဗဟိုမှ အာဏာကို ခွဲဝေဖြန့်ချပေးခြင်းများနှင့် ကွဲလွဲသည့်နေရာ)။
နောက်ကြောင်းပြန်နိုင်မှု – ဗဟိုအစိုးရက ခွဲဝေပေးထားပြီးသည့် အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိသလား။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် – ဖက်ဒရယ်ဝင်ပြည်နယ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ ယဥ်ကျေးမှု၊ဘာသာစကားနဲ့ လုံခြုံရေးကိစ္စလိုမျိုးတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းခွင့်ရှိသလား။ ဘယ်လောက်ရှိသလဲ။
ပဋိပက္ခဖြေရှင်းရေးယန္တရား – ဖက်ဒရယ်ယူနစ်အချင်းချင်း၊ ဗဟိုနဲ့ပြည်နယ်တွေကြား ပြဿနာတက်တဲ့အခါ ဘယ်လိုဖြေရှင်းဖို့ စနစ်တွေရှိသလဲ၊ သီးခြားလွတ်လပ်တဲ့ တရားရုံး၊ ခုံရုံးတွေရှိသလား။ ဖွဲ့စည်းပုံမှာ ဘယ်လိုထည့်သွင်းပြဋ္ဌာန်းထားသလဲ။
စီးပွားရေးဆိုင်ရာ ဖက်ဒရယ်စံနှုန်းများ (Economic Parameters)
ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် – အခွန်အကောက်နဲ့ ဘတ်ဂျက်ခွဲဝေမှုတွေကို ဘယ်သူကထိန်းချုပ်စီမံသလဲ၊ ဗဟိုအစိုးရကလား၊ ပြည်နယ်တွေကလား၊ စုပေါင်းဆုံးဖြတ်ကြသလား။
သယံဇာတနဲ့ အရင်းအမြစ်စီမံခန့်ခွဲမှု – မြေ၊ သယံဇာတတွေနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေပိုင်ဆိုင်သလဲ၊ လုပ်ပိုင်ခွင့်တွေကို ဘယ်သူကချပေးသလဲ။
ဓနပြန်လည်ခွဲဝေမှု – ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေကြားမှာ ဓနကိုဘယ်လိုပြန်လည်ခွဲဝေဖို့ စီမံထားသလဲ။
ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ခွင့် – ‌စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒတွေကို ဘယ်သူက၊ ဘယ်လိုချမှတ်သလဲ။
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ – ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦးစတဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်သူက တာဝန်ယူဆောင်ရွက်ပေးသလဲ။
အောက်ဖော်ပြပါ ဂရပ်ဖ်မှာ အာဏာခွဲဝေကျင့်သုံးမှု အတိမ်အနက်ကို X နဲ့ Y ဝင်ရိုးနှစ်ခုပေါ်မှာ တင်ပြထားပြီး ဥပမာနိုင်ငံအချို့ကို ထည့်သွင်းပေးထားပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုကတော့ နိုင်ငံရေး (အချုပ်အခြာအာဏာ) နဲ့ စီးပွားရေးလုပ်ပိုင်ခွင့် အာဏာခွဲဝေကျင့်သုံးမှုတွေဟာ များသောအားဖြင့် အချိုးညီလေ့ရှိတာကို တွေ့နိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိပြီး စီးပွား‌ရေးကဏ္ဍဆုံးဖြတ်ခွင့် အားနည်းတာမျိုး၊ စီးပွားရေးနဲ့ သယံဇာတကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြတော့ ရှိမနေတာမျိုးတွေဟာ ရေရှည်မှာ မဖြစ်နိုင်တဲ့အတွက် အဲဒီအကွက်တွေမှာ နိုင်ငံတွေရှိမနေတာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

နီပေါနိုင်ငံ၏ ဖက်ဒရယ်ကြိုးပမ်းအားထုတ်မှုနှင့် အခက်အခဲများ

ပိုမိုဖတ်ရှုရန်
2 mins read

မုန့်ဝိုင်းကို ဘယ်လိုခွဲကြသလဲ? အိန္ဒိယနဲ့ အင်ဒိုနီးရှားမှ ဥပမာများ..

ပိုမိုဖတ်ရှုရန်
2 mins read

စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဆိုတာ တဖြည်းဖြည်း ပြောင်းလဲမှုဖြစ်စဉ် – အိန္ဒိယနိုင်ငံ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – အိုင်ဒီယိုလိုဂျီသန့်စင်ခြင်း (Ideology Purity)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ – လူအများစုအပေါ် စံထားခြင်းအမြင်

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်သစ်ပင်၏ ဖုန်းဆိုးမြေများ- သူနိုင်-ငါရှုံး ယဉ်ကျေးမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်အတိမ်အနက်ကို ဘယ်လိုတိုင်းတာကြမလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်